ငါန်းဇွန်မြို့နယ်တွင်လူထုဗဟိုပြုစီမံကိန်း တတိယနှစ်စက်ဝန်း လူထုစစ်ဆေးပွဲကျင်းပ

မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင် ငါန်းဇွန်မြို့နယ်တွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကမ႓ာ့ဘဏ်နှင့်ပူးပေါင်း အကောင်အထည်ဖော် ဆောင်ရွက်သည့် လူထုဗဟိုပြုစီမံကိန်း တတိယနှစ်စက်ဝန်း လူထုစစ်ဆေးပွဲကို သြဂုတ် ၂၄ ရက် မွန်းလွဲ ၂ နာရီခွဲက သံကုန်းကျေးရွာ သန္တိသုခဓမ္မာရုံ၌ ကျင်းပပြုလုပ်ကြောင်း သိရသည်။

ရှေးဦးစွာ မြို့နယ်လူထုဗဟိုပြုစီမံကိန်းမှ လက်ထောက်နည်းပညာမှူး ဦးကျော်ဇင်ဦးက အကောင်အထည်ဖော် ဆောင်ရွက်ပြီးစီးသည့် စီမံကိန်းလုပ်ငန်းခွဲနှင့် ပတ်သက်၍ တာဝန်ယူမှု တာဝန်ခံမှု၊ လေ့လာသင်ယူမှုနှင့် အကြံပေးမှုများ မြင့်မားလာစေရန်၊ ပိုင်ဆိုင်မှုအပေါ် သိရှိနားလည် တတ်စေရန်၊ အောင်မြင်မှုအပေါ် အောင်ပွဲခံယူတတ်စေရန် စသည့် ရည်ရွယ်ချက်များဖြင့် လူထုစစ်ဆေးပွဲကို ကျင်းပပြုလုပ်ရခြင်း ဖြစ်ကြောင်းရှင်းလင်း ပြောကြားသည်။

ထို့နောက် မြို့နယ်လူထုဗဟိုပြုစီမံကိန်းမှ လူထုစည်းရုံးရေးမှူး ဦးတင်ပိုင်က စီမံကိန်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းဆွေးနွေးပြီး ကျေးရွာမှတာဝန်ခံ ကော်မတီဝင်များက ဘဏ္ဍာရေး၊ ဝယ်ယူရေး၊ အကြံပြု တိုင်ကြားရေး၊ ပြုပြင်ထိန်းသိမ်းရေး၊ အကောင်အထည်ဖော်ရေးနှင့် လုပ်ငန်း ရလဒ်ပို်င်းဆိုင််ရာများကို ဆွေးနွေးပြောကြားသည်။

သံကုန်းကျေးရွာတွင် လူထုဗဟိုပြုစီမံကိန်း တတိယနှစ်စက်ဝန်း ပံ့ပိုးငွေနှင့် ကျေးရွာထည့်ဝင်ငွေ စုစုပေါင်း ငွေကျပ် ၂၇၆ သိန်းကျော်ဖြင့် ကျေးရွာတွင်း လျှပ်စစ်မီးကြိုး၊ မီးတိုင် သွယ်တန်းခြင်းလုပ်ငန်းကို မတ် ၂၀ ရက်က စတင်ဆောင်ရွက်ခဲ့ရာ သြဂုတ် ၂၂ ရက်တွင် ပြီးစီးခဲ့ကြောင်း သိရသည်။

မင်းမြင့်မိုရ်(ငါန်းဇွန်)