ချင်းပြည်နယ်၊ တွန်းဇံမြို့နယ်၊ တွီတူမ်းကျေးရွာအုပ်စု၊ မွာလ်ကွေးကျေးရွာတွင် လူထုစစ်ဆေးပွဲကျင်းပပြုလုပ်

ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် ကမ္ဘာ့ဘဏ်တို့ပူးပေါင်း၍ ချင်းပြည်နယ်၊ တွန်းဇံမြို့နယ်လူထုဗဟိုပြုစီမံကိန်း(ပထမနှစ်စက်ဝန်း)မှ တွီတူမ်းကျေးရွာအုပ်စု၊ မွာလ်ကွေး ကျေးရွာတွင် အကောင်အထည်ဖော်ဆောင်ရွက်သော ကျေးရွာတွင်းကွန်ကရစ်လမ်းခင်းခြင်း လုပ်ငန်းခွဲအတွက် လူထုစစ်ဆေးပွဲကို ၂၀၁၈ခုနှစ်၊ စက်တင်ဘာလ (၂၅) ရက်နေ့၌ မွာလ်ကွေး ကျေးရွာတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ လူထုစစ်ဆေးပွဲတွင် Cardno မှInternational CDD Specialist ဖြစ်သူ Mr.Robert Anders Anderson၊ National Program Advisor ဒေါ်အေးအေးခိုင်နှင့် တွန်းဇံမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးနန်ဒိုဆူမ်းမန်တို့မှ တက်ရောက်အမှာစကား ပြောကြားခဲ့ပါသည်။

အဆိုပါ ကျေးရွာတွင်းကွန်ကရစ်လမ်းလုပ်ငန်းခွဲသည် အတိုင်းအတာ (၈၅၅ပေ×၅ပေ)ရှိပြီး စီမံကိန်းထောက်ပံ့ရန်ပုံငွေ ကျပ်(၆၆၃၉၁၀၀)နှင့် လူထုထည့်ဝင်ငွေ ကျပ်(၇၁၃၅၀၀)၊ စုစုပေါင်း ကျပ်(၇၃၅၂၆၀၀)ဖြင့်  (၂.၇.၂၀၁၈)ရက်နေ့တွင် လုပ်ငန်းစတင်ဆောင်ရွက်ခဲ့ပြီး (၁၀.၉.၂၀၁၈) ရက်နေ့တွင် လုပ်ငန်းအကောင်အထည်ဖော်ဆောင်ရွက်ပြီးစီးခဲ့ပါသည်။