ညောင်ဦးမြို့နယ်သို့ လေ့လာရေးခရီးစဉ်

လွိုင်ကော်   မတ်  လ  (၁၄)ရက် 

 ညောင်ဦးမြို့နယ်လူထုဗဟိုပြုစီမံကိန်းသို့ ကယားပြည်နယ်၊ လွိုင်ကော်+ရှားတောမြို့နယ် နှင့် ဘောလခဲ+ ဖားဆောင်း+ မယ်စဲ့မြို့နယ် လူထုဗဟိုပြုစီမံကိန်းမှ  လူထုစည်းရုံးရေးမှူးများနှင့် လက်ထောက် နည်းပညာမှူးများ၏ လေ့လာရေးခရီးစဉ်ပထမနေ့တွင် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံး၌  အပြန်အလှန်မိတ်ဆက်ခြင်း၊ လေ့လာရေးခရီးစဉ်အားရှင်းလင်းခြင်းနှင့် ညောင်ဦးမြို့ရှိ တောင်ဇင်း ရေပေးရေးလုပ်ငန်းအား ကွင်းဆင်းလေ့လာခြင်းများပြုလုပ်ခဲ့ကြပါသည်။ ဒုတိယနေ့ခရီးစဉ်တွင် မြို့နယ်(၅)မြို့နယ်ရှိ CF/TF များအား အဖွဲ့(၂)ဖွဲ့ခွဲ၍ကျေးရွာများသို့ကွင်းဆင်းလေ့လာခဲ့ကြပါသည်။ ထို့နောက် တတိယနေ့ လေ့လာရေးခရီးစဉ်တွင်လည်း အဖွဲ့(၂)ဖွဲ့ဖြင့် ကွင်းဆင်းလေ့လာခဲ့ကြပြီး ညနေပိုင်းတွင် ညောင်ဦးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံးတွင် လေ့လာတွေ့ရှိချက်များအား အပြန်အလှန် ဆွေးနွေးခဲ့ကြပြီး လေ့လာရေးခရီးစဉ်အောင်မြင်စွာ ပြီးမြှောက်ခဲ့ပါသည်။ ထိုလေ့လာရေးခရီးစဉ်တွင် ကယားပြည်နယ်CDD ရုံးခွဲမှ သတင်းနှင့်ဆက်သွယ်ရေးတာဝန်ခံ၊ CSAG TTA (၂)ဦး၊ လွိုင်ကော်+ရှားတောမြို့နယ်မှ CF/TF (၃၅)ဦးနှင့် ဘောလခဲ+ဖားဆောင်း+မယ်စဲ့ မြို့နယ်မှ CF/TF (၂၄)ဦး၊ စုစုပေါင်း (၆၂)ဦး သွားရောက်လေ့လာခဲ့ကြပါသည်။