လူထုဗဟိုပြုစီမံကိန်းလုပ်ငန်းများ ကွင်းဆင်းစစ်ဆေး



မန္တလေးတိုင်း ဒေသကြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးသန်းနိုင်ဦး၊ရမည်းသင်းခရိုင်ဦးစီးမှူး ဦးဟန်မြင့်ထွန်းနှင့်အဖွဲ့သည် ပျော်ဘွယ်မြို့တွင်ဆောင်ရွက်သည့် လူထုဗဟိုပြုစီမံ ကိန်းလုပ်ငန်းများကို ယမန်နေ့ နံနက် ၁ဝ 

နာရီက ကွင်းဆင်းစစ် ဆေးခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မြို့နယ်ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် မြို့နယ်ရှိဦးစီးဌာနဝန်ထမ်း များ၊လူထုဗဟိုပြုစီမံကိန်း ဝန်ထမ်း များနှင့်တွေ့ဆုံပွဲပြုလုပ်ပြီး ဒေသ ဖွံ့ဖြိုးရေးဆိုင်ရာ ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ဆွေးနွေးကြရာ တိုင်း ဒေသကြီး ဒုတိယ ညွှန်ကြားရေးမှူးက လုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက် ရာတွင် သတ်မှတ်စံချိန်စံညွှန်းများနှင့်အညီဆောင်ရွက်ရန်နှင့် အမှားအယွင်းနည်းပါးစွာ ဖြင့်ဆောင်ရွက်ကြရန်မှာကြားသည်။

ထို့နောက် တိုင်းဒေသကြီး ဒုတိယညွှန်ကြားရေးမှူး နှင့်အဖွဲ့ဝင်များသည် ပျော်ဘွယ်မြို့နယ် ဝါးရင်းတုတ်အုပ်စု ငန့်ဇင်းကျးရွာ၌ လူထုဗဟိုပြုစီမံ ကိန်း တတိယနှစ်စက်ဝန်းပံ့ပိုးငွေ ၁၁၈၇၂၅၀၀ ကျပ် ဖြင့် ဆောင်ရွက်သည့် လမ်းအရှည်ပေ ၃၀၀၀၊လမ်းအကျယ် ၁၆ ပေနှင့် ထု၁၂လမ်မရှိ ရွာအဝင်ကျောက်ရောမြေခင်းခြင်းလုပ်ငန်းနှင့် ဒုတိယနှစ်စီမံကိန်းတွင်ဆောင်ရွက်ပြီးစီးသော အိမ်တိုင်းရာရောက် ရေမီတာစနစ်သုံး ရေပေးရေးလုပ်ငန်းများတို့ကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရ သည်။