ကင်းမကျေးရွာတွင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်နိုင်ရေး ကျေးရွာဖွံ့ဖြိုးရေးကော်မတီဖွဲ့စည်း

 

ပေါက် စက်တင်ဘာ   ၁၂

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပေါက်မြို့နယ်တွင် လူထုဗဟိုပြုစီမံကိန်းစတုတ္ထနှစ်စက်ဝန်းဖြင့် ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်း များ စတင်အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး၊ ကျေးရွာဖွံ့ဖြိုးရေးကော်မတီဖွဲ့စည်းခြင်းကို ကင်းမကျေးရွာအုပ်စု၊ ကင်းမကျေးရွာတွင် ကျေးရွာအုပ်စုအဆင့် ကော်မတီဖွဲ့စည်းခြင်းအစည်းအဝေးအား ယနေ့နံနက် ၁၀ နာရီ အချိန်က အဆိုပါကျေးရွာ ဘုန်းတော်ကြီးဓမ္မာရုံးအတွင်း၌ ကျင်းပပြုလုပ်ခဲ့ ကြောင်းသိရသည်။

ရှေ့ဦးစွာ ကင်းမကျေးရွာ အုပ်စုအုပ်ချုပ်ရေးမှူး ဦးဌေးအောင်မှ အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။

ဆက်လက်၍ လူထုစည်းရုံးရေးမှူးဦးမြင့်ကိုဦးမှ အုပ်စုအစည်းအဝေးပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်အားရှင်းလင်းပြောကြားပြီး လူထုဗဟိုပြုစီမံကိန်း စတုတ္ထနှစ်စက်ဝန်းဖြင့် ကျေးရွာဖွံ့ဖြိုးရေး လုပ်ငန်းများဆောင်ရွက်နိုင်ရေး ကျေးရွာအုပ်စုစီမံခန့်ခွဲရေး အထောက်အကူပြုကော်မတီဥက္ကဌ အမျိုးသားတစ်ဦး၊ အမျိုးသမီးတစ်ဦးနှင့် ကျေးရွာအုပ်စုဘဏ္ဍာရေးကော်မတီဝင်များ၊ အုပ်စုဝေဖန်အကြံပြုကိုယ်စားလှယ်များအား ဒီမိုကရေစီနည်းလမ်းကျကျ မဲပေးရွေးချယ်ခဲ့ပြီး၊ ၎င်းတို့၏တာဝန်နှင့် ဝတ္တရား များအားရှင်းလင်းပြောကြားခဲ့ပါသည်။

ထိုနောက် ကျေးရွာအုပ်စုအတွင်းရှိ ကင်းမ၊ ချောင်းဆုံ၊ ချောင်းဆုံအထက်၊ ဒိန်းကွင်း၊ ကျောက်အိုးကျေးရွာများမှ တက်ရောက်လာသော ကျေးရွာသူ၊ ကျေးရွာသားများ ကျေးရွာဖွံ့ဖြိုးရေးကော်မတီဝင်များက မိမိတို့ကျေးရွာအတွက် လိုအပ်လျက်ရှိသော ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းခွဲများအသီးသီးကို ရွေးချယ်ဖော်ထုတ်ပေးခဲ့ကြောင်းသိရသည်။

အဆိုပါ အစည်းအဝေးကို ပေါက်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန လက်ထောက်နည်းပညာမှူးနှင့် လူထုစည်းရုံးရေးမှူး၊ ကင်းမကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာသူ၊ ကျေးရွာသား( ၃၂၀)ဦးတို့ တက်ရောက်ခဲ့ ကြောင်းသိရ သည်။

 

စိုးမိုးကျော် 09.256087268