လူထုဗဟိုပြု စီမံကိန်းမှ သတင်းပြန်ကြား ဆက်သွယ်ရေးနှင့် မှတ်တမ်း ဓါတ်ပုံပြခန်း ဆီဆိုင်မြို့နယ်တွင် ပြသ

ရှမ်းပြည်နယ်တောင်ပိုင်း ပအို့ဝ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဆီဆိုင်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနနဲ့ ကမ္ဘာ့ဘဏ်တို့ ပူးပေါင်းဆောင်ရွက်လျက်ရှိတဲ့ လူထုဗဟိုပြုစီမံကိန်း စတုတ္ထနှစ် စက်ဝန်းမှာ ပုံးအင်းကျေးရွာအုပ်စု မွှေတော် ဘုရားထီးတော် တင်ပွဲမှာ လူထုဗဟိုပြု စီမံကိန်းမှ သတင်းပြန်ကြား ဆက်သွယ်ရေးနှင့် မှတ်တမ်း ဓါတ်ပုံပြခန်းကို ဖေဖော်ဝါရီလ ၈ ရက်နေ့မှာ ကျင်းပ ဆောင်ရွက်ခဲ့တယ်လို့ သိရပါတယ်။

လူထုဗဟိုပြုစီမံကိန်းကို နားလည်သဘောပေါက်စေပြီး၊ မိမိကျေးရွာနဲ့ သက်ဆိုင်တဲ့ လူမှုရေး၊ ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းတွေမှာ ဆောင်ရွက်တတ်လာပြီးတော့ ရေရှည်တည်တံ့ခိုင်မြဲအောင် ဆောင်ရွက်လာနိုင်စေဖို့ စီမံကိန်းအကြောင်း ပိုမိုသိရှိပြီးတော့ လူထုဗဟိုပြု စီမံကိန်းနဲ့ ဖွံ့ဖြိုးရေးလုပ်ငန်းတွေ ပူပေါင်းဆောင်ရွက်မှု၊ ပွင့်လင်းမြင်သာမှု ပိုမို အားကောင်းလာစေဖို့ ရည်ရွယ်ပြီးတော့ ကျင်းပတာလို့ သိရပါတယ်။

အဲဒီပြခန်းမှာ လူထု ဗဟိုပြု စီမံကိန်းက ဆောင်ရွက်နေတဲ့ စီမံကိန်း လုပ်ငန်း အချက်အလက်တွေ ပို့စ်စတာတွေ မှတ်တမ်းဓါတ်ပုံတွေ ပြသထားပါတယ်။

ပြခန်းမှာ ပိုမိုစိတ်ဝင်စားစေဖို့ မေးခွန်းတွေ စီစဉ်ထားခဲ့ပြီး၊ စီမံကိန်းနဲ့ ပတ်သတ်တဲ့ မေးခွန်းတွေကို မှန်ကန်အောင် ဖြေဆိုနိုင်ရင် စီမံကိန်း တီရှပ်၊ ဦးထုပ်၊ ကျောပိုးအိတ် တွေ ချီးမြှင့်တယ်လို့ သိရပါတယ်။

သတင်း - တင်အောင်မိုးမြင့်

Credit - SkyNet Media Coverage

#DRD #NCDDP #MOALI #WorldBank