ကရင်ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့် ဝိုင်းထော်ကျေးရွာ ပြည်သာယာ ကွန်ကရစ်လမ်းသစ်အား ဖွင့်လှစ်

ဘားအံ ဖေဖေါ်ဝါရီ ၁၆

ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်၊ ကြာအင်းကျေးရွာအုပ်စု၊ ဝိုင်းထော်ကျေးရွာတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် ကမ္ဘာ့ဘဏ်တို့ ပူးပေါင်း အကောင်အထည် ဖော်ဆောင်ရွက်သော လူထုဗဟိုပြုစီမံကိန်း (ဒုတိယနှစ်စက်ဝန်း) ပြည်သာယာကွန်ကရစ်လမ်းသစ်ဖွင့်ပွဲကို ယမန်နေ့ နံနက် ၉ နာရီခွဲက အဆိုပါကွန်ကရစ်လမ်းသစ်မုခ်ဦး၌ ကျင်းပခဲ့သည်။

ရှေးဦးစွာ ကရင်ပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်က အဖွင့်အမှာစကားပြောကြားပြီး ဝိုင်းထော်ကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တကုဏ္ဍလက ဩဝါဒကထာမြွတ်ကြားကာ ကျေးလက်ဒေသ ဖွံဖြိုးတိုးတက်ရေး ဦးစီးဌာန ပြည်နယ်ဦးစီးမှူးဦးထွန်းဇော်ချစ်က အထိမ်းအမှတ်အလံများပေးအပ်သည်။

ထို့နောက် ဝိုင်းထော်ကျောင်းတိုက်ဆရာတော်ဘဒ္ဒန္တကုဏ္ဍလ၊ ပြည်နယ်ဝန်ကြီးချုပ်ဒေါ်နန်းခင်ထွေးမြင့်၊ ပြည်နယ် လွှတ်တော်ဥက္ကဋ္ဌဦးစောချစ်ခင်၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးဗိုလ်မှူးကြီးမျိုးမင်းနောင်၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဦးစောမြင့်ဦးတို့က ကွန်ကရစ်လမ်းသစ်အား ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ကြသည်။

အဆိုပါ ကွန်ကရစ်လမ်းသစ်ကို စီမံကိန်းစက်ဝန်း ပထမနှစ်တွင် စီမံကိန်းထောက်ပံငွေ ၂၀၈၇၄၁၀ဝိ/-ပြည်သူ ထည့်ဝင်ငွေ ၃၂၄၅၀၀ဝိ/- ကျပ်ဖြင့် ထု ၆ လက်မ၊ အကျယ် ၁၄ ပေနှင့် အရှည် ၁၅၀၀ ပေကို လည်းကောင်း၊ စီမံကိန်း စက်ဝန်း ဒုတိယနှစ်တွင် စီမံကိန်းထောက်ပံငွေ ၂၆၀၀၀၀၀ဝိ/- ပြည်သူထည့်ဝင်ငွေ ၅၀၆၀၀၀ဝိ/- ကျပ်ဖြင့် ထု ၆ လက်မ၊ အကျယ် ၁၄ ပေရှိ အရှည် ၁၂၃၀ ပေနှင့် ထု ၆ လက်မ၊ အကျယ် ၁၆ ပေရှိ အရှည် ၅၇၀ ပေကို လည်းကောင်း ဆောင်ရွက် ပြီးစီး၍ ယနေ့ဖွင့်ပွဲ အခမ်းအနားကို ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။

စောမျိုးမင်းသိန်း(ပြန်/ဆက်)

https://www.moi.gov.mm/?q=node/34086