လူထု ဗဟိုပြု စီမံကိန်း ကျား၊ မ ရေးရာ သင်တန်း မိုင်းခတ်မြို့နယ်တွင် ပြုလုပ်

ရှမ်းပြည်နယ် အရှေ့ပိုင်း ကျိုင်းတုံခရိုင် မိုင်းခတ်မြို့နယ်မှာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ကျေးလက်ဒေသ ဖွံ့ဖြိုးရေး ဦးစားဌာနမှ

အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိတဲ့ လူထု ဗဟိုပြု စီမံကိန်း ဒုတိယနှစ် စက်ဝန်းမှာ စီမံကိန်း လုပ်ငန်းခွဲများ အကောင်အထည်ဖော် ဆောင်ရွက်ရာမှာ

စီမံကိန်းမှ ချမှတ်ထားသော ကျားမရေးရာ မှုဝါဒများအား လက်တွေ့ ထည့်သွင်း လုပ်ဆောင် နိုင်ရန်အတွက် ကျား၊ မ ရေးရာ သင်တန်းကို ပါပွန်း အုပ်စု၊

ထောပဲခူ ကျေးရွာမှာ ၁၄ ရက် ၂ လ ၂၀၂၀ ရက်နေ့မှာ သင်တန်းပို့ချခဲ့ပါတယ်။

 

အဆိုပါသင်တန်းကို ထောပဲခူ၊ နန့်မွဲ၊ ပါပွန်း၊ ကာလော့ ကျေးရွာ လေးရွာမှာ ကော်မတီဝင် အမျိုးသား ၁၇ ဦး၊ အမျိုးသမီး ၁၇ ဦး စုစုပေါင်း ၃၄ ဦး

တက်ရောက်ခဲ့ကြပါတယ်။

 

သင်တန်းကို လူထုဗဟိုပြု စီမံကိန်း နည်းပညာ အကြံပေး အဖွဲ့မှ ကျား၊ မ ရေးရာ တာဝန်ခံ ဒေါ်ခင်မာဌေးမှ သင်တန်း ပို့ချပေးခဲ့ပြီး၊ လူမှု စည်းရုံးရေးမှူး

ဦးယောန နဲ့ ဒေါ်ထက်သီရိဦးတို့မှ ပံ့ပိုးကူညီပေးခဲ့ကြပါတယ်။ သင်တန်း ရည်ရွယ်ချက်မှာ စီမံကိန်းမှ ချမှတ်ထားသော ကျား၊မ ရေးရာ မူဝါဒ ၆ ချက်ကို

စီမံကိန်း လုပ်ငန်းစဉ်အားလုံးမှာ ထည့်သွင်း လုပ်ဆောင်နိုင်ရန်အတွက် ကျေးရွာကော်မတီဝင်များ ကိုယ်တိုင် နားလည် သဘောပေါက်ပြီး၊ ရွာသူရွာသားများ

အား ဆင့်ပွားမျှဝေကာ လက်တွေ့လုပ်ဆောင်သွားနိုင်ရန် ရည်ရွယ်ပါတယ်။

 

သတင်း - တင်အောင်မိုးမြင့်

Credit - SkyNet Media Coverage

#DRD #NCDDP #MOALI #WorldBank