ဆီဆိုင်မြို့နယ် လီမွန်ကျေးရွာ ကွန်ကရစ်တံတား တည်ဆောက်နေမှုအား ကြည့်ရှု စစ်ဆေး

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ကျေးလက် ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနနဲ့ ကမ္ဘာ့ဘဏ်တို့ ပူးပေါင်း ဆောင်ရွက်လျက်ရှိတဲ့ ရှမ်းပြည်နယ်တောင်ပိုင်း ပအို့ဝ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ ဆီဆိုင်မြို့နယ်

လူထု ဗဟိုပြု စီမံကိန်း စတုတ္ထနှစ် စက်ဝန်း နောင်မွန်ကျေးရွာအုပ်စု၊ လီမွန်ကျေးရွာမှာ ကွန်ကရစ်တံတား တည်ဆောက်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှုကို တာဝန်ရှိသူတွေက ကွင်းဆင်း စစ်ဆေးခဲ့ပါတယ်။

 

ကွင်းဆင်း စစ်ဆေးရာမှာ ဆီဆိုင်မြို့နယ်မှာ လက်ထောက်နည်းပညာမှူး၊ ဒေါ်နှင်းရီဝင်းနဲ့ လူထုစည်းရုံးရေးမှူး ခွန်စောလှတို့က မေလ ၅ ရက်နေ့မှာ ကွင်းဆင်းခဲ့ရာ နည်းပညာပိုင်းနဲ့ အရည်အသွေးပိုင်းဆိုင်ရာ ကြီးကြပ် စစ်ဆေးခြင်း၊ လုပ်ငန်း အရည်အသွေး ပြည့်မှီအောင် ဆောင်ရွက်နိုင်ရေး၊ လုပ်ငန်း အချိန်မှီ ပြီးစီးရေး၊ ရေ ရှည် တည်တံခိုင်မြဲစေရေးနဲ့ လုပ်ငန်းမှာ လိုအပ်သည်များကို ဆွေးနွေး မှာကြားခဲ့ပါတယ်။

 

အဆိုပါ လုပ်ငန်းကို လူထုဗဟိုပြုစီမံကိန်း ထောက်ပံ့ငွေကျပ် ၉၅ သိန်းဖြင့် ကွန်ကရစ်တံတား အလျား ၂၆ ပေ၊ အနံ ၁၆ ပေ၊ အမြင့် ၆ ပေ ၆ လက်မရှိ တံတားကို ကျေးရွာလူထုကိုယ်တိုင် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပြီး၊ လက်ထောက်နည်းပညာမှူး၊ စည်းရုံးရေးမှူးများရဲ့ အကူအညီများ ရယူကာ လုပ်သား အဖွဲ့ဝင်များကို ကျေးရွာ ကော်မတီ အဖွဲ့ဝင်များမှ အလှည့်ကျ နေ့စဉ် ဦးဆောင်၍ ဆောင်ရွက်လျက် ရှိကြောင်း သိရပါတယ်။

 

သတင်း- တင်အောင်မိုးမြင့်

Credit – SkyNet Media Coverage

#DRD #NCDDP #MOALI #WorldBank,