မိုင်းခတ်မြို့နယ် လူထုဗဟိုပြု စီမံကိန်း မှ ခန်းမဆောင် တည်ဆောက်ခြင်း လုပ်ငန်းအား ကြည့်ရှု စစ်ဆေး

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ကျေးလက် ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ရှမ်းပြည်နယ် အရှေ့ပိုင်း မိုင်းခတ်မြို့နယ်၊ လူထုဗဟိုပြု စီမံကိန်း ဒုတိယနှစ် စက်ဝန်း ဖာလန်ကော် အုပ်စု နမ့်တာပီး အပေါ်ရွာနဲ့ ပန်ထိုလု ကျေးရွာ တို့မှာ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိတဲ့ ခန်းမဆောင် တည်ဆောက်ခြင်း လုပ်ငန်းအား မိုင်းခတ်မြို့နယ် လူထုဗဟိုပြု စီမံကိန်း မှ လက်ထောက် နည်းပညာမှူး ဒေါ်နှင်း ယုယုခိုင်နဲ့ လူထုစည်းရုံးရေးမှူး ဦးအောင်ရဲနိုင်တို့က မေလ ၆ ရက်နေ့မှာ ကွင်းဆင်း ကြည့်ရှု့ခဲ့ပါတယ်။

 

ကွင်းဆင်း ကြည့်ရှုရာမှာ စီမံကိန်း လုပ်ငန်းများ သတ်မှတ် စံချိန် စံနှုန်းများအတိုင်း အရည်အသွေး ပြည့်မှီ စေရေး၊ လုပ်ငန်းတွင် အမျိုးသမီးများပါ ပူးပေါင်း ပါဝင်ပြီး၊ လုပ်အားခ တန်းတူ ရရှိရေး၊ စီမံကိန်းနဲ့ သတ်ဆိုင်တဲ့ စာရွက်စာတမ်းများ စုံလင်မှု ရှိရေး၊ လုပ်ငန်း ဆောင်ရွက်နေစဉ် အကာအကွယ် ပစ္စည်းများ အသုံးပြုရေးတို့ကို ကျေးရွာ ကော်မတီဝင်များ လုပ်ငန်းဆောင်ရွက်နေသူများအား တွေ့ဆုံ မှာကြားခြင်း၊ အခက်အခဲများ မေးမြန်း ဆွေးနွေးခြင်းတို့ ဆောင်ရွက်ခဲ့ကြတယ်လို့ သိရပါတယ်။

 

သတင်း - တင်အောင် မိုးမြင့်

Credit – SkyNet Media Coverage

#DRD #NCDDP #MOALI #WorldBank,