ပန်းတောင်း မြို့နယ် လူထု ဗဟိုပြု စီမံကိန်း လုပ်ငန်းခွဲများအား ကြည့်ရှု့စစ်ဆေး

ပဲခူးတိုင်း ဒေသကြီး ပြည်ခရိုင် ပန်းတောင်း မြို့နယ်မှာ ခရိုင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ခရိုင်ဦး စီးမှူး ဦးသိန်းထိုက်ဦးနဲ့ တာဝန်ရှိသူများက ပန်းတောင်း မြို့နယ် အတွင်း ဆောင်ရွက်လျက် ရှိတဲ့ လူထု ဗဟိုပြု စီမံကိန်း စတုတ္ထနှစ် စက်ဝန်း လုပ်ငန်းခွဲများကို မေလ ၂၂ ရက်နေ့က ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရပါတယ်။

ထိုကဲ့ သို့ ကွင်းဆင်းစစ်ဆေးရာမှာ ပန်းတောင်းမြို့နယ် အတွင်းရှိ ရွှေညီနောင် ကျေးရွာ အုပ်စု ရေမနောက် ကျေးရွာမှာ ဂါလံ ၂၅၀၀ ဆန့် ရေလှောင်ကန် ရေသန့်စင်ခြင်းနဲ့ ရေစက်ရုံ တည်ဆောက်ခြင်း လုပ်ငန်း နတ်မောက်ကျေးရွာ အုပ်စု၊ ညောင်ကုန်း ကျေးရွာမှာ ကျောက်ကြီးဘောင် မြေနီလမ်းနဲ့ ရေပြွန် တည်ဆောက်ခြင်း လုပ်ငန်း၊ ရေလယ်ကျွန်း ကျေးရွာ အုပ်စု၊ ကျောက်ကြီးကျေးရွာမှာ ရေစင်၊ ရေလှောင်ကန်နဲ့ ရေပိုက်သွယ်တန်းခြင်း လုပ်ငန်း၊ ကျောက်ဖူး ကျေးရွာ အုပ်စု ဆင်လူး ကျေးရွာမှာ ဂါလံ ၄၅၀ ဆန့် ရေလှောင်ကန်နဲ့ ရေပိုက်သွယ်တန်းခြင်း လုပ်ငန်း၊ ကျောက်ဖူး ကျေးရွာ အုပ်စု ကန့်ကူ ကျေးရွာမှာ ကျောက်ချောလမ်းခင်းခြင်း လုပ်ငန်းတို့ကို လှည့်လည် ကြည့်ရှု့ စစ်ဆေးကြပါတယ်။

အဲဒီနောက် ခရိုင်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ခရိုင် ဦးစီးမှူး၊ ဦးသိန်းထိုက်ဦးက လုပ်ငန်းခွဲများ ဆောင်ရွက်ရာမှာ သတ်မှတ်ချက်များအတိုင်း ဆောင်ရွက်သွားကြရန် Covid-19 ကာလအတွင်း သက်ဆိုင်ရာက ထုတ်ပြန်ထားတဲ့ ကျန်းမာရေး အသိပညာပေး လမ်းညွှန်ချက်များကို အလေးထား လိုက်နာ ဆောင်ရွက်ကြရန်နှင့် လိုအပ်သည်များကို အကြံပြု ဆွေးနွေးခဲ့ကြောင်း သိရပါတယ်။

သတင်း - မင်းမြင့်မိုရ်

Credit – SkyNet Media Coverage

#DRD #NCDDP #MOALI #WorldBank