ပန်းတောင်း မြို့နယ် လူထုဗဟိုပြု စီမံကိန်း လုပ်ငန်းခွဲများကို တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ကြည့်ရှု့

ပဲခူးတိုင်း ဒေသကြီး ပြည်ခရိုင် ပန်းတောင်း မြို့နယ်မှာ လေဘေးသင့် ဒါဏ်ခံရတဲ့ အိမ်ထောင်စုများအတွက် hygiene kits များ ထောက်ပံ့ပေးခြင်းနဲ့ လူထုဗဟိုပြု စီမံကိန်း လုပ်ငန်းများ ကို ဇွန်လ ၃ ရက်နေ့မနက်ပိုင်းက တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဒေါ်ပပဟန်၊ ခရိုင်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးသိန်းထိုက်ဦးနဲ့ တာဝန်ရှိသူများက ပန်းတောင်း မြို့နယ်အတွင်း ရှိ ရွာသာယာ ကျေးရွာ အုပ်စု၊ ကွင်းလှ ကျေးရွာ အုပ်စု၊ တုံကင်း ကျေးရွာ အုပ်စု၊ ဆန်းဝ ကျေးရွာ အုပ်စုနဲ့ ထုံးဘို ကျေးရွာ အုပ်စုတို့မှာ လေဘေးသင့်ဒဏ်ခံ အိမ်ထောင်စု ၅၄ စု အတွက် Unicef မှ ထောက်ပံ့ တဲ့ hygiene kits များကို ထောက်ပံ့ပေးအပ်ခဲ့ကြပါတယ်။

အဲဒီနောက် အဆိုပါ ကျေးရွာ အုပ်စု အတွင်းမှာ ရှိတဲ့ ကျေးရွာများမှာ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက လူထု ဗဟိုပြု စီမံကိန်း ထောက်ပံ့ငွေနဲ့ ဆောင်ရွက်လျက်ရှိတဲ့ လုပ်ငန်းခွဲများကို ကွင်းဆင်း ကြည့်ရှု့စစ်ဆေးပြီး၊ စံချိန် စံညွှန်း ပြည့်မှီစွာနဲ့ သတ်မှတ် ကာလအတွင်း အချိန်မီ ပြီးစီးရေး ဆွေးနွေးမှာကြား ခဲ့တယ်လို့ သိရပါတယ်။

 

သတင်း - မင်းမြင့်မိုရ်

Credit- SkyNet Media Coverage

#NCDDP #DRD #MOALI #WorldBank