ဝက်လက်မြို့ ၌ Cash for Work စီမံကိန်း၊ စီမံခန့်ခွဲမှုနှင့် ငွေစာရင်းထိန်းသိမ်းနည်း သင်တန်း ဖွင့်လှစ်

ဝက်လက် ဇူလိုင် ၁၅

စစ်ကိုင်းတိုင်ဒေသကြီး ၊ရွှေဘိုခရိုင် ဝက်လက်မြို့ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာ န အစည်းဝေးခန်းမ၌ ယနေ့ နံနက် (၉) နာရီ အချိန်က မြို့နယ်အတွင်းရှိ Cash For Work စီးမံကိန်း ကျေးရွာများဖြစ်သည့် ပုဏ္ဏား ကျေးရွာ၊ ဆင်ကွတ် (တ) ကျေးရွာ၊ ရွာသစ်ကျေးရွာ၊ လှေပိုဆိတ်ကျေးရွာ၊ တံတာဦး ကျေးရွာ၊ ကျီရစ်ကုန်းကျေးရွာတို့မှ ကျေးရွာ တစ်ရွာလျှင် ကော်မတီဝင် (၆) ဦး ရွေးချယ်ခဲ့ရာ ရွေးချယ်ခြင်းခံထားရသော ကော်မတီဝင်များကို ယနေ့ သင်တန်းဖွင့်လှစ်ပို့ခြခြင်းဖြစ်ကြောင်း သိရသည်။

ရှေးဦးစွာ ဝက်လက်မြို့နယ် ကျေးလက်ဒေသ ဖွံဖြိုးတိုးတက်ရေး ဦးစီးဌာနမှ မြို့နယ် ဦးစီးမှူး ဦးသီဟန်လင်းက အဖွင့်အမှာစကား ပြောကြားပြီးနောက် တက်ရောက်လာသော သင်တန်း သားများက တစ်ဦးချင်း မိတ်ဆက်ကာ သင်တန်းကို ဆက်လက်ပို့ချသည်။

အဆိုပါ သင်တန်းကို ကျန်းမာရေးနှင်အားကစားဝန်ကြီးဌာနမှ ချမှတ်သော ညွှန်ကြားချက်များ နှင့်အညီ ဖွင့်လှစ်ရာ သင်တန်းသား (၄၂) ဦး တက်ရောက်၍ သင်တန်း နည်ပြ (၄) ဦးမှ (၂) ရက်ကြာ သင်တန်းပို့ချသွာမည်ဖြစ်ကြောင်း သိရှိရပါသည်။

စိုးစိုးလှိုင် (ဝက်လက်)

https://www.moi.gov.mm/iprd/?q=news/%E1%80%95%E1%80%BC%E1%80%8A%E1%80%BA%E1%80%90%E1%80%BD%E1%80%84%E1%80%BA%E1%80%B8%E1%80%9E%E1%80%90%E1%80%84%E1%80%BA%E1%80%B8%E1%80%90%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%B8%E1%80%92%E1%80%B1%E1%80%9E%E1%80%80%E1%80%BC%E1%80%AE%E1%80%B8/15/07/2020/id-23973