ရှားတောမြို့၌ Cash for Work စီမံကိန်း စာရင်းရေးသွင်းနည်း သင်တန်းဖွင့်လှစ်

ရှားတော ဇူလိုင် ၁၇

ကယားပြည်နယ်၊ ရှားတောမြို့နယ်တွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ရှားတောမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ Cash For Work စီမံကိန်း စာရင်း ရေးသွင်းနည်းသင်တန်းကို ယနေ့နံနက်(၉)နာရီက မြို့နယ်စုပေါင်းရုံးခန်းမ၌ ဖွင့်လှစ် ဆောင်ရွက်ခဲ့သည်။

အခမ်းအနားတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရန်နိုင်မောင်က အဖွင့်အမှာစကားပြောကြားပြီး ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန မြို့နယ်ဦးစီးအရာရှိ ဦးထွေးအောင်က Cash For Work စီမံကိန်းလုပ်ငန်းနှင့် ပတ်သက်၍ရှင်းလင်း ပြောကြားခြင်း၊ သင်တန်းနည်းပြဆရာ ဦးချစ်နှောင်းက Cash For Work စီမံကိန်းစာရင်းရေးသွင်းနည်း သင်တန်းဖွင့်လှစ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခြင်းများ ဆောင်ရွက်ပြီး သင်တန်းဆက်လက် ပို့ချဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ယင်းအခမ်းအနားတွင် မြို့နယ်အုပ်ချုပ်ရေးမှူးဦးရန်နိုင်မောင်၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ မြို့နယ်ဦးစီးအရာရှိ ဦးထွေးအောင်၊ Cash For Work စီမံကိန်း မြို့နယ်အဆင့်ကော်မတီဝင်များ၊ ရှားတောမြို့နယ်အတွင်းရှိ Cash For Work စီမံကိန်း ကျေးရွာ(၇)ရွာမှ ကော်မတီဝင်များတက်ရောက်ခဲ့ကြောင်းသိရသည်။

ထွန်းအောင်(ပြန်/ဆက်)

#CERP, #CFW, #DRD, #MOALI

https://www.moi.gov.mm/iprd/?q=news/%E1%80%95%E1%80%BC%E1%80%8A%E1%80%BA%E1%80%90%E1%80%BD%E1%80%84%E1%80%BA%E1%80%B8%E1%80%9E%E1%80%90%E1%80%84%E1%80%BA%E1%80%B8%E1%80%95%E1%80%BC%E1%80%8A%E1%80%BA%E1%80%94%E1%80%9A%E1%80%BA/17/07/2020/id-24326