တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် Cash for Work စီမံကိန်းများ ဆောင်ရွက်

ဇွန်လိုင်လ ၁၆ ရက်

ကိုဗစ်-၁၉ ရောဂါကြောင့် ကျေးလက်နေ ပြည်သူတွေရဲ့ လူမှု စီးပွားဘဝ ထိခိုက်မှုတွေကို တုန့်ပြန် ဆောင်ရွက်နိုင်ဖို့နဲ့ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းတွေကို ဒေသခံများ ကိုယ်တိုင် ပါဝင် ဆောင်ရွက် စေခြင်းဖြင့် ဝင်ငွေ ရရှိစေဖို့ ရည်ရွယ် ဖော်ဆောင်တဲ့ Cash for Work စီမံကိန်းကို မကွေးတိုင်း ဒေသကြီး သရက်ခရိုင် မင်းတုန်း မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် စီမံကိန်းဝင် ကျေးရွာ ၈ ရွာမှ ကော်မတီဝင် ၅၆ ဦးအား ကျေးရွာ အဆင့် စီမံခန့်ခွဲမှု သင်တန်း ပေးခဲ့ပါတယ်။

အလားတူ စီမံကိန်း မိတ်ဆက်ရှင်းလင်းခြင်းနဲ့ ကျေးရွာ ကော်မတီ ဖွဲ့စည်းခြင်းကို ဂန့်ဂေါမြို့နယ် ရှိ မိုးစို ရွာသစ်နဲ့ ဖုန်းဆိုးကြယ် ကျေးရွာများမှာ ကျင်းပခဲ့ပြီး၊ တစ်ရွာကို ကျေးရွာ ကော်မတီအဖွဲ့ဝင် ၇ ဦးကို မဲ စနစ်နဲ့ ရွေးချယ်ခြင်းနှင့် ဦးစားပေး ဆောင်ရွက်ရမည့် လုပ်ငန်း ရွေးချယ် ခြင်းတွေကို ကွင်းဆင်း ဆောင်ရွက်ခဲ့ပါတယ်။

အလားတူ မန္တလေးတိုင်း ဒေသကြီး ကျောက်ဆည်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန အနေနဲ့ မြို့နယ် အတွင်းရှိ ကျေးရွာများသို့ Cash for Work စီမံကိန်း အကောင်အထည် ဖော်ဖို့ ကွင်းဆင်း မိတ်ဆက် ရှင်းလင်း ခြင်းများ ဆောင်ရွက်ခဲ့ပြီး၊ စီမံကိန်း လုပ်ငန်းတွေကို ကျောက်ဆည် မြို့နယ်ရှိ ကျေးရွာ ၁၃ ရွာမှာ အကောင်အထည်ဖော် ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။

အလားတူ ကယားပြည်နယ် မယ်စဲ့ မြို့နယ် ဟိုစဲ့ ကျေးရွာမှာ စီမံကိန်း မိတ်ဆက် ရှင်းလင်းခြင်း၊ ကော်မတီ ဖွဲ့စည်းခြင်းနဲ့ လုပ်ငန်းများ ရွေးချယ်ခြင်းများ ဆောင်ရွက်ခဲ့ပြီး၊ တက်ရောက်လာကြတဲ့ ကျေးရွာနေ ပြည်သူတွေရဲ့ သဘော ဆန္ဒနဲ့ အညီ ကော်မတီဝင် ၇ ဦး ရွေးချယ် ခဲ့ပါတယ်။

အလားတူ Cash for Work စီမံကိန်းနဲ့ ကျေးရွာမတည်ရန်ပုံငွေ စီမံကိန်းများ မိတ်ဆက် ရှင်းလင်းခြင်းကို ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနဟာ သက်ဆိုင်ရာ တာဝန်ရှိသူတွေနဲ့ ပူပေါင်းပြီး၊ မချမ်းဘော မြို့နယ်ရှိ ထန်ကားကျေးရွာ ၊ ပြင်ဦးလွင် မြို့နယ်ရှိ သရက်ပင်အင်းကျေးရွာ၊ ဘော်ကျေးရွာနဲ့ မဲတောကျေးရွာ၊ တာချီလိတ် မြို့နယ်ရှိ နမ့်ခင်းကျေးရွာနဲ့ ကျတ်ခမ်းဆောင်ကျေးရွာ၊ ကနီမြို့နယ်ရှိ ပက်ကျားဝ ကျေးရွာ၊ ဝမ်းတွင်း မြို့နယ်ရှိ ဇီးကျင်း ကျေးရွာနဲ့ သပြေရိုး ကျေးရွာတို့မှာ ပြုလုပ်ခဲ့ပါတယ်။

စီမံကိန်း လုပ်ငန်းတွေကို ဆောင်ရွက်ဖို့ ကျေးရွာ ကော်မတီ ဖွဲ့စည်းပြီး၊ ကော်မတီများက တာဝန်ယူ ဆောင်ရွက် သွားမှာ ဖြစ်ကြောင်း သိရပါတယ်။

သတင်း - တိုင်း/ ပြည်နယ် (ပြန်ဆက်) MRTV

#CERP

#CFW

#DRD

#MOALI