Cash for Work စီမံကိန်း ဘဏ္ဍာရေးဆိုင်ရာ ညှိနှိုင်း အစည်းအဝေး ကျင်းပ

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက Cash for Work စီမံကိန်း၊ ကျေးရွာ မတည် ရန်ပုံငွေ စီမံကိန်း (VRFP) စီမံကိန်း ရန်ပုံငွေများ ဘဏ္ဍာရေးဆိုင်ရာ ညွှန်ကြားချက်တွေနဲ့ အညီ စနစ်တစ်ကျ ဆောင်ရွက်နိုင်ရေး ညှိနှိုင်း အစည်းအဝေးကို တော့ ဇူလိုင်လ ၂၃ ရက်နေ့ မနက် ၉ နာရီ မိနစ် ၃၀ မှာ တိုင်းဒေသကြီး၊ ပြည်နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူးတွေ ခရိုင်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ဦးစီးမှူးတွေ Video Conferencing နဲ့ အစည်းအဝေး ကျင်းပ ပြုလုပ်ခဲ့ပါတယ်။

အဲဒီ Video Conferencing စနစ် လုပ်ငန်း အစည်းအဝေးကို တိုင်းဒေသကြီး ပြည်နယ်တွေမှာ ဒုတိယ ညွှန်ကြားရေးမှူးတွေနဲ့ ခရိုင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ဦးစီးမှူးတွေ စုစုပေါင်း အယောက် ၉၀ တက်ရောက်ပြီး၊ ရန်ပုံငွေ သုံးစွဲမှု အခြေအနေနဲ့ ပတ်သတ်ပြီးတော့ သိရှိလိုတာတွေကို မေးမြန်းတင်ပြရာမှာ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဒေါ်ညိုညိုဝင်းနဲ့ ညွှန်ကြားရေးမှူး ဒေါက်တာ ဇာဏီမင်းတို့က ပြန်လည်ရှင်းလင်း ဖြေကြားခဲ့ပြီး၊ လိုအပ်တာတွေ ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပါတယ်။

#CERP, #CFW, #DRD, #MOALI

Credit – SkyNet Media Coverage