တံတားဦးမြို့နယ်တွင် Cash for Work စီမံကိန်းဖြင့် လုပ်ငန်းများဆောင်ရွက်

တံတားဦး ဩဂုတ် ၁၂

ကျောက်ဆည်ခရိုင် တံတားဦးမြို့နယ်တွင် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် ကျေးလက်နေ ပြည်သူ များ ကိုယ်တိုင်ဆောင်ရွက်သည့် Cash For Work စီမံကိန်းဖြင့် ပျားကျေးရွာအုပ်စု ပျားကျေးရွာ လမ်း မြေသားတင်ခြင်းလုပ်ငန်းကို ဆောင်ရွက်နေကြောင်းသိရသည်။

အဆိုပါ လမ်းဆောင်ရွက်ရာတွင် တံတားဦးမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးခင်မောင်ဌေးနှင့် ဝန်ထမ်းများ၏ ကြီးကြပ်မှုဖြင့်၊ ကျေးရွာစီမံကိန်း အကောင်အထည်ဖော်ဆောင်ရွက်သည့် ကော်မတီဝင်များပါဝင်ပြီး ပျား ကျေးရွာအုပ်စု ပျားကျေးရွာလမ်း မြေသားတင်ခြင်း၏ လမ်းအရှည် ၂၇၈၅ ပေ အကျယ် ၁၂ ပေ၊ အမြင့် ၆ လက်မဖြစ်ကြောင်း၊ ခွင့်ပြုငွေကျပ် (၁၀)သန်းဖြစ်ပြီး ထိုကျေးရွာတွင် အိမ်ခြေ(၁၁၉) အိမ်နှင့်လူဦးရေပေါင်း (၅၄၇) ဦးရှိပါကြောင်း မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန အငယ်တန်းအင်ဂျင်နီယာ- ဦးရန်အောင်ထံမှ သိရသည်။

တံတားဦးမြို့နယ်အနေဖြင့် Cash For Work စီမံကိန်း ကျေးရွာ(၁၀)ရွာ၊ ကျေးရွာမတည် ရန်ပုံငွေ (VRFP) စီမံကိန်းကျေးရွာ () ရွာရှိကြောင်း၊ အဆိုပါစီမံကိန်းလုပ်ငန်း အကောင်အထည် ဖော်ဆောင်ရွက်မှုသည် သုံးလအတွင်းအပြီး ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ Cash For Work စီမံကိန်းသည် ကိုဗစ်-၁၉ရောဂါကာလအတွင်း ကျေးရွာဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်သည့် လုပ်အားခများကို ထောက်ပံ့ပေးခြင်းဖြစ်ကြောင်း မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးခင်မောင်ဌေးက ပြောကြား ခဲ့ကြောင်း သိရသည်။

ရဲတင့်(တံတားဦး-ပြန်/ဆက်)

https://www.moi.gov.mm/iprd/news/3799