ပေါက် မြို့နယ် လူထု ဗဟိုပြု စီမံကိန်း လုပ်ငန်းခွဲများကို ကွင်းဆင်း စစ်ဆေး

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပေါက် မြို့နယ်၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၊ လူထု ဗဟိုပြု စီမံကိန်း (စတုတ္ထနှစ်စက်ဝန်း) ထောက်ပံ့ရန်ပုံငွေနဲ့ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိတဲ့ ​ချောင်းနားရွာမ အုပ်စု၊ ချောင်းနားရွာမ ကျေးရွာ စာသင်ကျောင်းဆောင် ဆောက်လုပ်နေမူ့၊ အင်ဂျင်မီးလင်းရေးလုပ်ငန်း၊ ရွာတွင်း​​​ မြေနီခင်းခြင်း လုပ်ငန်း အခြေအနေတွေကို တာဝန်ရှိသူတွေက ကွင်းဆင်းစစ်ဆေးပါတယ်။

အဲလို ကွင်းဆင်း စစ်ဆေးရာမှာ မကွေးတိုင်းဒေသကြီး၊ လူထုဗဟိုပြုစီမံကိန်း တိုင်းအကြံပေး ဦးမောင်ပို၊ နည်ပညာအကြံပေး ကျားမ​ ရေးရာ တာဝန်ခံ ဦးမျိုးဝင်းထွန်း၊ လက်ထောက်နည်းပညာမူး ​ဒေါ်ခိုင်သီတာ​ဆွေ၊ လူထုစည်းရုံးရေးမူး ဦးကျော်စွာဝင်း တို့က လုပ်ငန်းကော်မတီဝင်တွေနဲ့ တွေ့ဆုံပြီးတော့ လုပ်ငန်းဆောင်ရွက် မှု အခြေအနေတွေကို ကွင်းဆင်းကြည့်ရူ့ရာမှာ လိုအပ်သည့်နည်းပညာတွေကို လုပ်ဆောင်နိုင်ဖို့ လမ်းညွှန်ခဲ့ပါတယ်။

ဆက်လက်​ပြီးတော့ တာဝန်ရှိသူတွေက ကင်းဆုပ် ကျေးရွာရှိ ရွာတွင်းလမ်းဆောင်ရွက်နေမှုနဲ့ စာသင် ကျောင်းဆောင် ဆောင်ရွက်ပြီးစီးမှူ အခြေအနေတွေကို လှည်လည် ကြည့်ရှု့ စစ်ဆေးရာ လိုအပ်တာတွေကို ဆွေးနွေးခဲ့ပါတယ်။

အဲဒီ လုပ်ငန်းတွေကို ​ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန လူထုဗဟိုပြု စီမံကိန်း ဝန်ထမ်းတွေရဲ့ နည်ပညာပံ့ပိုးမူ့ အနီးကပ်ကြီးကြပ်မူနဲ့ အကောင်အထည်ဖော်နေတာလို့ သိရပါတယ်။

သတင်း - ဉာဏ်တိုး (ပေါက်)၊ မျိုးဝင်းထွန်း (CSAGS)

Credit – SkyNet Media Coverage

#NCDDP, #DRD, #MOALI, #WorldBank