ပေါက်မြို့နယ် ကျွန်းရင်းကျေးရွာ စာသင်ကျောင်းဆောင်သစ် ဖွင့်ပွဲနှင့် လူထု စစ်တမ်းကောက်ယူမှု ပြုလုပ်

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနနဲ့ ကမ္ဘာ့ဘဏ် တို့ ပူးပေါင်း အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိတဲ့ လူထုဗဟိုပြုစီမံကိန်း (စတုတ္ထနှစ် စက်ဝန်း) ကို ပေါက်မြို့နယ် ကျွန်းရင်း ကျေးရွာ အုပ်စု၊ ကျွန်းရင်းကျေးရွာ စာသင်ကျောင်းဆောင် တိုးချဲ့ ဆောက်လုပ်ခြင်း လုပ်ငန်းကို အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိရာ ယခုအခါမှာ အောင်မြင်စွာ ဆောင်ရွက်ပြီးစီးနေပြီ ဖြစ်ပါတယ်။

အဲဒီ စာသင်ကျောင်းဆောင် တိုးချဲ့ ဆောက်လုပ် ပြီးစီးမှူ့ ဖွင့်ပွဲမှာ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီဌာနမှ ဦးစီးမှူး ဒေါ်အေးအေးသန့်က အဖွင့်အမှာစကား ပြောကြာပြီး၊ လူထုဗဟိုပြု စီမံကိန်း နည်းပညာ အကြံပေး၊ ကျားမ‌ရေးရာ တာဝန်ခံ ဦးမျိုးဝင်းထွန်းက စီမံကိန်းလုပ်ငန်း ပြီးစီးအောင်မြင်အောင် ဆောက်ရွက်ပြီးတဲ့ နောက်ပိုင်း ဆက်လက် ဆောင်ရွက်ရမည့် အစီအစဉ်တွေကို လည်းကောင်း လူထု စည်းရုံးရေးမှူး ဒေါ်ချိုမြင့်က လူထု စစ်စဆေးပွဲ ပြုလုပ်ရတဲ့ ရည်ရွယ်ချက်နဲ့ မဲပေးရမယ့် ပုံစံတွေကို လည်းကောင်း အသီးသီး ပြောကြားပါတယ်။ ဆက်လက်ပြီး ကျေးရွာ တာဝန်ခံ ဦးစိုးမိုးထွေးနဲ့ ကျောင်းအုပ် ဆရာမကြီး ဒေါ်အေးနိုင်တို့က ကျေးဇူးတင်စကား ပြန်လည် ပြောကြားခဲ့ပါတယ်။

အဲနောက်မှာတော့ စီမံကိန်း လုပ်ငန်းစဉ် တစ်ခု ဖြစ်တဲ့ လူထု စစ်ဆေးပွဲကိုတော့ ကျေးရွာ ကြော်ငြာ သင်ပုန်းမှာ ကပ်တာ လော်စပီကာနဲ့ ကြေညာတာ လုပ်ငန်းစဉ်နဲ့ ရလာဒ်အပေါ် ကျေးရွာ လူထုရဲ့ စိတ်ကြေနပ်မှု အပေါ် မဲပေးနိုင်ဖို့ အိမ်တိုင်ရာရောက် စာရွက်တွေ ဝေပြီး၊ ကောက်ယူတာကို ဩဂုတ်(၂၀) ရက်နေ့ မနက် ၈ နာရီ အချိန်က စတင် ဆောင်ရွက် ပြီး၊ ပေါက်မြို့နယ် လူထု ဗဟိုပြု စီမံကိန်း နည်းပညာအကြံပေး ကျားမရေးရာ တာဝန်ခံ ဦးမျိုးဝင်းထွန်းနဲ့ တာဝန်ကျ ဝန်ထမ်းတွေက အတူ လိုက်ပါ ကြီးကြပ် ပေးခဲ့ပါတယ်။

ကျောင်းဆောင်သစ် ဆောက်လုပ်ပြီးစီး အောင်မြင်မှုနဲ့ ပတ်သတ်ပြီး ကျွန်းရင်းကျေးရွာ ဝယ်ယူရေး တာဝန်ခံ ကိုနေလင်းစိုးက အခုလိုပဲ ပြောပြထားပါတယ်။

“မင်္ဂလာပါ၊ ကျနော်ကတော့ ပေါက်မြို့နယ် ကျွန်းရင်း ကျေးရွာ လူထု ဗဟိုပြု စီမံကိန်းမှာ ဝယ်ယူရေး တာဝန် ထမ်းဆောင်နေတဲ့ နေလင်းစိုး ဖြစ်ပါတယ်။ စတုတ္ထနှစ် စက်ဝန်းမှာ စီမံကိန်းက ချပေးတဲ့ငွေ ကျပ် ၂၄၅ သိန်းနဲ့ တတိယနှစ် စက်ဝန်းမှာ ချပေးတဲ့ သိန်း ၂၀၀ ကျပ်၊ စုစုပေါင်း သိန်း ၄၅၀ ကျပ်နဲ့ ဒီ ပေ ၁၅၀၊ ၃၀ ကျောင်းဆောင်ကြီးကို ဆောက်လုပ်ခဲ့တာ ဖြစ်ပါတယ်။ ယနေ့မှာ ဆိုရင်တော့ ကျောင်းဆောင်ကြီး ပြီးမြောက်သွားပြီ ဖြစ်တဲ့အတွက် ကျနော်တို့ ရပ်ရွာ ကျောင်းသား ကျောင်းသူများ၊ ဆရာ/ ဆရာမ များအနေနဲ့ ပညာရေး ကိစ္စတွေကို အလွယ်တစ်ကူနဲ့ ကျန်းကျန်းမာမာ ချမ်းချမ်းသာသာနဲ့ စိတ်အေးလက်အေး အသုံးပြုနိုင်မှာ ဖြစ်တဲ့အတွက် ကျနော်တို့ လူထု ဗဟိုပြု စီမံကိန်းကြီးကိုလည်း အထူးပဲ ကျေးဇူးတင်ပါတယ်။ ကျနော်တို့ ရွာ တာဝန်ကျတဲ့ ဆရာ/ ဆရာမတွေနဲ့ ကျနော်တို့ ကော်မတီဝင်တွေနဲ့ ကျေးရွာလူထုနဲ့ စည်းစည်းလုံးလုံး ညီညီ ညွတ် ညွတ် ဆောင်ရွက်နိုင်ခဲ့ခြင်းဟာ ဖြစ် ကျနော်တို့ လက်တွေ့ သာဓက အနေနဲ့ ခမ်းခမ်းနားနားနဲ့ တတ်နိုင်သလောက် ဆောင်ရွက်ခဲ့ရာမှာ ဒီလို အောင်အောင်မြင်မြင်နဲ့ ကျောင်းဆောင်ကြီး တစ်ဆောင် ပြီးမြောက်ခဲ့တာကို အထူးပဲ ကျေးဇူးတင် ဝမ်းမြောက် ဂုဏ်ယူပါကြောင်း ပြောကြားအပ်ပါတယ်။ အားလုံးကို ကျေးဇူးတင်ပါတယ်” - ဝယ်ယူရေး တာဝန်ခံ ဦးနေလင်းစိုး၊ ကျွန်းရင်းကျေးရွာ

လူထု စစ်ဆေးပွဲ ရလာဒ်တွေကို ကျေးရွာ လူထု သိရှိစေဖို့ ကြော်ငြာ သင်ပုန်းမှာ ကြေညာပေးခဲ့ပါကြောင်း၊ လက်‌ထောက် နည်ပညာမှူး‌ ဒေါ်ဖူးပြည့်စုံကြွယ်က ပြောကြားပါတယ်။

သတင်း - ဉာဏ်တိုး (ပေါက်)၊ မျိုးဝင်းထွန်း (CSAGS)

#NCDDP, #DRD, #MOALI, #WorldBank

Credit- SkyNet Media Coverage