တွန်းဇံမြို့နယ် လူထုဗဟိုပြု စီမံကိန်း ဆိုလာမီး သွယ်တန်းခြင်းနှင့် ရွာတွင်းလမ်းခင်းခြင်း လုပ်ငန်းများအတွက် လူထုစစ်တမ်း ကောက်ယူ

ချင်းပြည်နယ် ဖလမ်းခရိုင် တွန်းဇံမြို့နယ် လူထု ဗဟိုပြု စီမံကိန်း (တတိယနှစ် စက်ဝန်း) မှာ အကောင် အထည်ဖော် ဆောင်ရွက်ခဲ့တဲ့ ကန်ဆောက်ကျေးရွာအုပ်စု ကန်ဆောက်ကျေးရွာ ရွာတွင်းလမ်း ကွန်ကရစ် လမ်းခင်းခြင်း လုပ်ငန်းနှင့် ခေါဘမ်ကျေးရွာအုပ်စု စိန်ဂဲလ်ကျေးရွာ ဆိုလာမီး သွယ်တန်းခြင်း လုပ်ငန်း ပြီးစီး ဆောင်ရွက်ခဲ့နိုင်မှုကို စက်တင်ဘာလ ၁၆ ရက်နေ့မှာ စီမံကိန်း နည်းပညာ အကြံပေး အဖွဲ့ဝင်တွေ တာဝန်ကျ လူထု စည်းရုံးရေးမှူးတွေနဲ့ လက်ထောက် နည်းပညာမှူးတွေက ကျေးရွာလူထုနဲ့ အတူ လူထုစစ်ဆေးပွဲ ဆောင်ရွက်မှု ပြုလုပ်ခဲ့ ကြပါတယ်။

လူထု စစ်ဆေးပွဲတွေမှာ ကျေးရွာ အုပ်ချုပ်ရေးမှူးတွေက အဖွင့် အမှာစကား ပြောကြားခဲ့ပြီး တာဝန်ကျ လက်ထောက် နည်းပညာမှူးနဲ့ လူထုစည်းရုံးရေးမှူးတို့က လူထုစစ်ဆေးပွဲ ကျင်းပရခြင်း ရည်ရွယ်ချက်ကို ရှင်းလင်းပြောဆိုခဲ့ကြကာ ဝယ်ယူရေး ဘဏ္ဍာရေး စောင့်ကြည့် ကြီးကြပ်ရေး ဝေဖန်အကြံပြု တိုင်ကြားချက် ဖြေရှင်းရေး လည်ပတ်ပြုပြင် ထိန်းသိမ်းရေးနဲ့ လူထုပူးပေါင်းပါဝင်မှု ကဏ္ဍတွေကို သက်ဆိုင်ရာ ကဏ္ဍအလိုက် ကျေးရွာ ကော်မတီဝင်တွေက ရှင်းလင်းပြောဆိုခြင်း ကျေးရွာလူထု သိစေဖို့ အတွက် လော်စပီကာဖြင့် ကြေညာခြင်း ကျေးရွာ ကြော်ညာသင်ပုန်းမှာ အချက်အလက်တွေ ကပ်ခြင်းတွေ ပြုလုပ်ခဲ့ကြပါတယ်။

အဲဒီနောက် စီမံကိန်း လုပ်ငန်းခွဲ ပြီးစီးဆောင်ရွက်မှု အတွင်း ကြုံတွေ့ခဲ့ရတဲ့ အခက်အခဲ အားနည်းချက်တွေ၊ အောင်မြင်မှု တွေနဲ့ အကြုံပြုချက်တွေကို ဆွေးနွေးခဲ့ကြပြီး၊ စီမံကိန်း လုပ်ငန်းခွဲရဲ့ လုပ်ငန်းစဉ်နဲ့ ရလာဒ်အပေါ် ကျေးရွာ ကော်မတီဝင်တွေက မဲပေးခြင်း၊ ကျေးရွာနေ ပြည်သူလူထုရဲ့ ဆန္ဒမဲတွေကို တအိမ်တက် တအိမ်ဆင်း ကောက်ခံရယူခြင်းတွေကို ပြုလုပ်ခဲ့ပါတယ်။

အဲဒီ ရွာအတွင်း ကွန်ကရစ် ခင်းခြင်းလုပ်ငန်းဟာ လူထု ဗဟိုပြု စီမံကိန်း ထောက်ပံ့ရန်ပုံငွေ (၁၄.ဝ) ကျပ်သန်းနဲ့ လူထုထည့်ဝင်ငွေ (၂.၂၃) ကျပ်သန်းနဲ့ ပြုလုပ်ခဲ့ခြင်းဖြစ်ကာ ဆိုလာ မီးလင်းခြင်းလုပ်ငန်းဟာ စီမံကိန်း ထောက်ပံ့ ရန်ပုံငွေ (၅.၉၇) ကျပ် သန်း လူထုထည့်ဝင်ငွေ (ဝ.၃၂) ကျပ်သန်းနဲ့ ဆောင်ရွက် လုပ်ဆောင်ခဲ့ခြင်း ဖြစ်ပါတယ်။

သတင်း - ဦးဇော်ဝင်း (CSAGS)

Credit – SkyNet Media Coverage

#NCDDP, #DRD, #MOALI, #WorldBank