လူထုဗဟိုပြု စီမံကိန်းမှ ပေါက်မြို့နယ် ကျေးရွာများရှိ သောက်သုံးရေ အရည်အသွေး စစ်ဆေး

မကွေးတိုင်း ဒေသကြီး၊ ပခုက္ကူခရိုင်၊ ပေါက်မြို့နယ်၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၊ လူထုဗဟိုပြု စီမံကိန်းမှ လက်ထောက် နည်းပညာမှူးများနဲ့ လူထုစည်းရုံးရေးမှူးများက ပေါက်မြို့နယ်ရှိ ကျေးရွာအုပ်စု (၇၁) အုပ်စု၊ ကျေးရွာပေါင်း (၂၆၂) ရွာ ကို ယခုလက စတင်ပြီး‌ သောက်‌ရေသန့် အရည်အသွေး စမ်းသပ် စစ်ဆေးမှုများ ကောက်ယူရာမှာ စက်တင်ဘာ(၁၈)ရက်နေ့က လယ်လန်းအုပ်စု၊ ပလောင်းအုပ်စု၊ ထန်းတပင်အုပ်စုရှိ ကျေးရွာ (၁၀) ရွာကို တာဝန်ကျ ဝန်ထမ်းများဖြစ်တဲ့ လက်ထောက် နည်းပညာမှူး ဒေါ်တင်မာနိုင်၊ လူထု စည်းရုံးရေးမှူး ဒေါ်ခိုင်နဲ့ ဒေါ်သဇင်ဦးတို့မှ ကျေးရွာအရောက် သောက်သုံးရေ နမူနာများ ကောက်ယူစစ်ဆေးလျက်ရှိ ပါတယ်။ ‌

စမ်းသပ် စစ်ဆေးမှူ့များမှာ ရေနောက်ကျိမှုကို စမ်းသပ် စစ်ဆေးနည်း၊ PH စမ်းသပ် စစ်ဆေးနည်း၊‌ ရေ ထဲရှိလျပ်စစ်စီးအား၊ ‌ရေထဲမှာ ပျော်ဝင်နေသော ဒြပ် ၊ အာဆင်းနစ်၊‌ ရေစေး ပါဝင်မှု၊ ကလိုရိုက်ပါဝင်မှု၊ ဖလိုရိုက်ပါဝင်မှု ၊ နိုက် တြိတ် ဓါတ်ပါဝင်မှုများ အပြင် ‌ရေတွင် အညစ်‌အကြေး ပါဝင်မှု တိုင်းတာခြင်း၊ (Ecoli) များရှိမရှိ သိရှိနိုင်မှာ ဖြစ်ပြီး ပေါက်မြို့နယ်မှာ ကျေးရွာပေါင်း (၂၆၂) ရွာမှာ (၉၅)ရွာခန့် စစ်ဆေးပြီးစီး နေပြီဖြစ်ကြောင်း၊ ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာန ဦးဇော်ထက် (ကြီး/ရေး) နှင့် ဒေါ် မိုးရေ ငြိမ်း၊ အငယ်တန်း အင်ဂျင်နီယာ(၃) တို့ထံမှ သိရှိရပါသည်။

 

သတင်း - ဉာဏ်တိုး (ပေါက်)

Credit – Myanmar Digital News

#NCDDP, #DRD, #MOALI, #WorldBank