ကောလင်းမြို့နယ်အတွင်းရှိ ကျေးရွာ ၆ ရွာ၌ Cash for Work စီမံကိန်းလုပ်ငန်း ဆောင်ရွက်လျက်ရှိရာ ကျေးရွာ ၃ ရွာ ရာနှုန်းပြည့်ပြီးစီး

Cash for Work Activities in 3 Villages of Kawlin Completed 100 Percent

Sagaing, 24 September 2020, Ministry of Information

ကောလင်း စက်တင်ဘာ ၂၄

စစ်ကိုင်းတိုင်း ဒေသကြီး၊ ကောလင်းမြို့နယ်တွင် နိုင်ငံတော် အစိုးရ၏ ကိုဗစ်-၁၉ကာလ CERP အစီအစဉ် အရ Cash For Work စီမံကိန်း ထောက်ပံငွေ ကျပ်သိန်း ၁၀၀ စီဖြင့် မောင်းကော်ကျေးရွာ၊ လှည်းပွဲကျေးရွာ၊ စစ်တောကျေးရွာ၊ ပဇင်းတာကျေးရွာ၊ တောင်ပုတ်စုကျေးရွာနှင့် တောင်ကြား ကျေးရွာတို့တွင် အကောင် အထည်ဖော် ဆောင်ရွက်လျက ်ရှိရာ ပဇင်းတာကျေးရွာ၊ လည်းပွဲကျေးရွာနှင့် တောင်ပုတ်စုကျေးရွာတွင် စီမံကိန်း လုပ်ငန်းများ ရာနှုန်းပြည့ ်ပြီးစီးပြီ ဖြစ်ကြောင်း မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး စီးဌာနမှ သိရသည်။

ယင်းစီမံကိန်း ထောက်ပံ့ငွေဖြင့် ပဇင်းတာ ကျေးရွာတွင် ရွာတွင်းလမ်း ခြုံနွယ်ရှင်းလင်းခြင်း လုပ်ငန်း အရှည် ၁၃၉၀ပေ၃ပေ၊ လမ်းဘေး ဝဲ/ယာရေနုတ် မြောင်းတူးဖော်ခြင်း အရှည် ၅၀၀၀ပေ၊ အကျယ် ၁ပေ ၆လက်မ၊ အနက် ၁ပေ၆လက်မ၊ ကျေးရွာတွင်းလမ်း ဂျင်းမြေခင်းခြင်း အရှည် ၂၈၃၀ပေ၊ အကျယ် ၁၂ပေ၊ထု ၆လက်မ၊

လှည်းပွဲ ကျေးရွာတွင် ရွာတွင်းလမ်း ခြုံနွယ်ရှင်းလင်းခြင်း လုပ်ငန်း အရှည် ၅၂၆၀ပေ၆ပေ၊ လမ်းဘေး ဝဲ/ယာ ရေနုတ်မြောင်း တူးဖော်ခြင်း အရှည် ၃၆၀၀ပေ၊ အကျယ် ၁ပေ ၆လက်မ၊ အနက် ၁ပေ ၆လက်မ၊ ကျေးရွာတွင်းလမ်း ကျောက်ရောမြေ ခင်းခြင်း အရှည် ၂၀၉၀ပေ၊ အကျယ်၁၂ပေ၊ ထု ၉လက်မနှင့် တောင်ပုတ်စု ကျေးရွာတွင် ရွာတွင်းလမ်း ခြုံနွယ်ရှင်းလင်းခြင်း လုပ်ငန်း အရှည် ၃၄၀၀ပေ၃ပေ ၆ လက်မ၊ လမ်းဘေး ဝဲ/ယာရေနုတ် မြောင်းတူးဖော်ခြင်း အရှည် ၃၄၀၀ပေ၊ အကျယ် ၁ပေ ၆လက်မ၊ အနက် ၁ပေ၊ ၆လက်မ၊ ကျေးရွာတွင်း လမ်း ဂျင်းမြေခင်းခြင်း အရှည် ၃၃၀၅ပေ၊အကျယ် ၁၀ပေ၊ထု ၆ လက်မလုပ်ငန်း ဆောင်ရွက်ပြီးစီး ခဲ့ခြင်း ဖြစ်ပြီး အဆိုပါ လုပ်ငန်းများ ပြီးစီးမှု အခြေအနေနှင့် ကော်မတီဝင်များ၏ နေ့စဉ်ပြုစုရမည့် စာရင်းဇယားများ၊ လစဉ် ပြုစုတင်ပြရမည့် စာရင်းဇယားများ၊ နေ့စဉ်လုပ်အားခ ပေးချေမှု မှတ်တမ်းများ စသည့်တို့ကို မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်ခင်မီမီအောင်နှင့် စီမံကိန်း တာဝန်ခံတို့က ယမန်နေ့က လုပ်ငန်းအပြီးသတ် ကွင်းစစ်ဆေး ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

မြင့်ထွန်းမင်း(ကောလင်း)

စစ်ကိုင်းတိုင်းဒေသကြီး

#CFW, #CERP, #DRD, #MOALI

Credit – Ministry of Information

https://www.moi.gov.mm/iprd/news/12774