လူထု ဗဟိုပြု စီမံကိန်းမှ ကော့ကရိတ် မြို့နယ် လျှပ်စစ်မီးလင်းရေး အတွက် နည်းပညာပေး ဆွေးနွေး

Technical Briefing Organzied for Village Electrification System in Kawkareik

Kayin, 14 October 2020, SkyNet Media Coverage

ကရင်ပြည်နယ် ကော့ကရိတ် မြို့နယ် လူထု ဗဟိုပြု စီမံကိန်း (တတိယနှစ် စက်ဝန်း) မှာ ကျေးရွာ လျှပ်စစ် မီးလင်းရေး လုပ်ငန်းခွဲတွေကို အဆင်ပြေစွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ဖို့ အတွက် စီမံကိန်း ဝန်ထမ်းတွေနဲ့ တာဝန်ခံတွေ ဦးဆောင်ပြီးတော့ ကျေးရွာ ကော်မတီဝင်တွေနဲ့ နည်းပညာ အစည်းအဝေးတွေကို အင်းကြီး အုပ်စု အင်းကြီး ကျေးရွာနဲ့ ရေပူကြီး အုပ်စု လေးတိုင် ကျေးရွာတို့မှာ အောက်တိုဘာလ ၁၃ ရက်နေ့ မနက်ပိုင်းက ပြုလုပ်ခဲ့ပါတယ်။

အင်းကြီး ကျေးရွာမှာ စီမံကိန်း ရန်ပုံငွေကျပ် သိန်း ၃၀၀ နဲ့ လူထု ထည့်ဝင်ငွေတွေ ပူးပေါင်းပြီး၊ အရှည် ၆၃၁၅ ပေ၊ လေးတိုင်ကျေးရွာမှာ စီမံကိန်း ရန်ပုံငွေ ကျပ် သိန်း ၂၇၀ နဲ့ လူထု ထည့်ဝင်ငွေတွေ ပူးပေါင်းပြီး၊ အရှည် ၇၁၄၄ ပေနဲ့ လည်းကောင်း အကောင်အထည်ဖော် ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။

ဒီလုပ်ငန်းခွဲတွေကို လုပ်သား ကန်ထရိုက်တာတွေနဲ့ ဆောင်ရွက်မှာ ဖြစ်ပြီး၊ အကျိုးပြု လူဦးရေတွေ အင်ကြီးကျေးရွာမှာ အိမ်ထောင်စု ၁၉၇ စုနဲ့ လေးတိုင် ကျေးရွာမှာ ၁၃၈ စုတို့ကို အကျိုးပြုသွားမှာ ဖြစ်ပါတယ်။

သတင်း - စောဌေးရီ (ကျေးလက်)

Credit – SkyNet Media Coverage

#NCDDP, #DRD, #MOALI, #WorldBank