မုံရွာမြို့နယ် Cash for Work နှင့် ကျေးရွာ မတည် ရန်ပုံငွေ စီမံကိန်း စာရင်းဇယားတွေကို ကွင်းဆင်း စစ်ဆေး

Documentation for Cash for Work and Village Revolving Fund Activities in Monywa Monitored by Respective Officials

Sagaing, 22 October 2020, SkyNet Medai Coverage

စစ်ကိုင်းတိုင်းဒေသကြီး မုံရွာခရိုင် မုံရွာမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက ၂၀၂၁၉-၂၀၂၀ ခု ဘဏ္ဍာရေးနှစ် မှာ ဆောင်ရွက်ခဲ့တဲ့ CFW စီမံကိန်းနဲ့ ကျေးရွာ မတည် ရန်ပုံငွေ (VRFP) စီမံကိန်း လုပ်ငန်းတွေ ဆောင်ရွက်ပြီးစီးမှု အခြေအနေတွေကို စစ်ကိုင်းတိုင်းဒေသကြီး ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန တိုင်းဦးစီးမှူး ဦးဝင်းကျော်မျိုး၊ ဒုတိယ ညွှန်ကြားရေးမှူး နည်းပညာ ဒေါ်အိခင်ညို ၊ မုံရွာ ခရိုင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်‌ရေး ဦးစီးဌာန ခရိုင် ဦးစီးမှူး ဒေါ်မြင့်မြင့်အေး၊ မုံရွာ မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ မြို့နယ် ဦးစီးမှူး ဒေါ်ရင်ရင်ချိုနဲ့ တာဝန်ရှိသူတွေက အောက်တိုဘာလ ၂၁ ရက်နေ့က ကွင်းဆင်း စစ်ဆေးခြင်းနှင့် လုပ်ငန်း ပြီးစီးမှု စာရင်း ဇယားတွေကို မြို့နယ်ရုံးမှာ စစ်ဆေးခဲ့ကြောင်း သိရှိရပါတယ်။

ဒါ့အပြင် ကိုင်းတော ကျေးရွာ ကုန်ထုတ်လမ်းခင်းခြင်းနှင့် ရွာတော် ကျေးရွာ ကွန်ကရစ်လမ်းခင်းခြင်း လုပ်ငန်းတွေ ဆောင်ရွက် ပြီးစီးမှု အခြေအနေတွေကို ကြည့်ရှု့ စစ်ဆေးခဲ့ပြီး၊ ရေရှည်တည်တံ့ ခိုင်မြဲရေးနဲ့ ပြုပြင် ထိန်းသိမ်းရေးလုပ်ငန်းတွေကို ဆောင်ရွက်သွားကြဖို့ ဆွေးနွေးမှာကြားခဲ့ပါတယ်။

သတင်း - ကျော်ဆင့် (မုံရွာ)၊ ငြိမ်းသူ

#CFW, #NCDDP, #DRD, #MOALI, #WorldBank

Credit- SkyNet Media Coverage

https://youtu.be/0vaYzpECNec