ကချင်ပြည်နယ် မိုးကောင်းမြို့နယ် လူထုဗဟိုပြုစီမံကိန်း စက်ဝန်း လေးနှစ်တွင် လုပ်ငန်းခွဲပေါင်း ၄၄၂ ခု ဆောင်ရွက်ခဲ့

NCDDP’s 442 Sub-project Activities in Mogaung Completed in Four Year Project Cycles

Kachin, 3 November 2020, SkyNet Media Coverage

ကချင်ပြည်နယ် မိုးကောင်းမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနဟာ ကမ္ဘာ့ဘဏ်နဲ့ ပူးပေါင်း ဆောင်ရွက်တဲ့ လူထု ဗဟိုပြု စီမံကိန်းကို ၂၀၁၆ ခု နှစ် ဒီဇင်ဘာလမှာ နည်းပညာ အကြံပေး အဖွဲ့နဲ့ အတူ စတင် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပြီး၊ ၂၀၁၇ ခုနှစ် ဖေဖော်ဝါရီလမှာ စည်းရုံးရေးမှူး ၃၃ ဦး ခန့်အပ်ပြီးတော့ ကျေးရွာ အုပ်စု ၃၆ အုပ်စု၊ ကျေးရွာ ၇၉ ရွာရဲ့ လိုအပ်ချက်တွေကို ဆောင်ရွက်ပေးနေရာမှာ ၂၀၂၀ ပြည့်နှစ် အောက်တိုဘာလ ကုန်မှာ စီမံကိန်း ပြီးစီးပြီ ဖြစ်ပါတယ်။

မိုးကောင်းမြို့နယ် လူထု ဗဟိုပြု စီမံကိန်း စက်ဝန်း လေးနှစ်မှာ ကျေးရွာ ၇၉ ရွာရဲ့ စီမံကိန်း လုပ်ငန်းခွဲပေါင်း ၄၄၂ ခုကို ဆောင်ရွက်နိုင်ခဲ့ကြောင်းနဲ့ စီမံကိန်း လေးနှစ်တာ ကာလမှာ အနီးကပ် ကြီးကြပ်တဲ့ (TPIC) ဥက္ကဌနဲ့ အဖွဲ့ဝင် တွေ၊ ပြည်နယ် တာဝန်ခံနှင့် ပြည်နယ် အင်ဂျင်နီယာတွေ၊ လူထု ဗဟိုပြု စီမံကိန်း ရုံးမှ TTA နဲ့ စည်းရုံး ရေးမှူးတွေ၊ ကျေးလက်ရုံး ဝန်ထမ်းတွေ၊ ကျေးရွာ အသီးသီးမှ ကော်မတီ ဝင်တွေရဲ့ စွမ်းဆောင်ရည်တွေ ကြောင့် စီမံကိန်း ၄ နှစ်တာမှာ အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့ခြင်း ဖြစ်ကြောင်း၊ မြို့နယ် ဦးစီးမှူး ဒေါ်အေးအေးလင်းက ပြောကြားခဲ့ပါတယ်။

သတင်း - ဧဧလေး

#NCDDP, #DRD, #MOALI, #WorldBank

Credit- SkyNet Media Coverage