လှိုင်းဘွဲမြို့နယ် ကွမ်တာအုပ်စု သဒီးခို ကျေးရွာတွင် ရွာတွင်း ကွန်ကရစ်လမ်းခင်းခြင်း လုပ်ငန်း ရာနှုန်းပြည့်ပြီးစီး

NCDDP’s Village Street Construction in Tha Di Kho of Kun Tar in Hlaingbwe Completed 100 Percent

Kayin, 5 December 2020, Ministry of Information

လှိုင်းဘွဲ ​ ဒီဇင်ဘာ ၅

 

ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနမှ ကမ္ဘာ့ဘဏ်အကူအညီဖြင့် ဆောင်ရွက်နေသော လူထုဗဟိုပြု စီမံကိန်း(တတိယနှစ်စက်ဝန်း)တွင် ကွမ်တာကျေးရွာအုပ်စု၊ သဒီးခိုကျေးရွာ ရွာတွင်း ကွန်ကရစ်လမ်း (အရှည် ၂၂၆၀​ပေ x အကျယ် ၁၂​ပေ x ထု ၆လက်မ)လုပ်ငန်းကို လူထုဗဟိုပြုစီမံကိန်း​ထောက်ပံ့​ငွေ (၂၃,၇၀၀,၀၀၀)ကျပ်ဖြင့် ​အောက်တိုဘာလ ၂၀ရက်​နေ့တွင် စတင် အကောင်ထည်ဖော် ဆောင်ရွက်ခဲ့ရာ ရာနှုန်းပြည့် ပြီးစီးပြီဖြစ်ကြောင်း သိရသည်။

အဆိုပါ ကွန်ကရစ်လမ်းကို လူထုဗဟိုပြု စီမံကိန်းမှ လက်​ထောက် နည်းပညာမှူး မခိုင်ဇင်ညို၊ လူထုစည်းရုံး​ရေးမှူးမ​မေမိုးသူ တို့မှ အနီးကပ်ကြီးကြပ်မှု၊ မြို့နယ်​ ကျေးလက်​ဒေသ ဖွံ့ဖြိုးတိုးတက်​ရေး ဦးစီးဌာန ဦးစီးမှူး ​ဒေါ်​အေးမြနန္ဒာထွန်း၊ ပြည်နယ် အင်ဂျင်နီယာ အကြံ​ပေးနှင့် မြို့နယ် နည်းပညာ အကြံ​ပေး အဖွဲ့တို့၏ စနစ်တကျ လမ်းညွန်မှုများဖြင့် အ​ကောင်အထည်​ဖော်​ ဆောင်ရွက်ခဲ့ကြပြီး သဒီးခို ကျေးရွာမှ အိမ်​ထောင်စု (၂၆၄)စု၊ လူဦးရေ (၁၈၈၄)ဦးတို့၏ ပညာရေး၊ကျန်းမာရေး၊ စီပွားရေး၊ လူမှု​ရေးများ အတွက်သွား/လာ​ရေးလွယ်ကူ​ချော​မွေ့ အဆင်​ပြေလာမည်ဖြစ်​ကြောင်းသိရပါသည်။

 

ခင်စန်းမြင့်(ပြန်/ဆက်)

#NCDDP, #DRD, #MOALI, #WorldBank

Credit – Ministry of Information

https://www.moi.gov.mm/iprd/news/23436