လူထုဗဟိုပြု စီမံကိန်းမှ လှိုင်းဘွဲမြို့နယ် ထန်းတပင် ကျေးရွာတွင် စာသင်ကျောင်း ဆောင်သစ် ဆောက်လုပ်

NCDDP’s School Construction in Htan Ta Pin Village of Hlaingbwe Completed 70 Percent

Kayin, 6 December 2020, SkyNet Media Coverage

 

ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနက ကမ္ဘာ့ဘဏ် အကူအညီနဲ့ ဆောင်ရွက်နေတဲ့ ကရင် ပြည်နယ် လှိုင်းဘွဲ့ မြို့နယ် လူထု ဗဟိုပြု စီမံကိန်း တတိယနှစ် စက်ဝန်းမှာ ထန်းတပင် ကျေးရွာ အုပ်စု ထန်းတပင် ကျေးရွာ စာသင် ကျောင်းဆောင် ဆောက်လုပ်ခြင်း အလျား ပေ ၇၀၊ အနံ ပေ ၃၀ ၊ အမြင့် ၁၂ ပေ၊ လုပ်ငန်းကို လူထု ဗဟိုပြု စီမံကိန်း ထောက်ပံ့ငွေကျပ် ၂၃၅ သိန်း၊ ပြည်သူလူထု ထည့်ဝင်ငွေ ကျပ် ၁၅ သိန်းတို့နဲ့ အကောင်အထည်ဖော် ဆောင်ရွက်ခဲ့တယ်လို့ သိရပါတယ်။

အဲဒီ စာသင်ကျောင်းဆောင်ကို လူထု ဗဟိုပြု စီမံကိန်းက လက်ထောက် နည်းပညာမှူး နန်း မိုးမိုးအောင် ၊ လူထု စည်းရုံးရေးမှူး နန်းမေသဇင်တို့က အနီးကပ် ကြီးကြပ်မှု၊ မြို့နယ် ကျေးလက် ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနနဲ့ မြို့နယ် နည်းပညာ အကြံပေး အဖွဲ့တို့ရဲ့ စနစ် တစ်ကျ လမ်းညွှန်မှု ရပ်ရွာ ပြည်သူလူထု တို့ရဲ့ ပူးပေါင်း ပါဝင်မှု တွေနဲ့ အကောင်အထည်ဖော် ဆောင်ရွက်နေခြင်း ဖြစ်ပြီး၊ ၁၀၀ ရာခိုင်နှုန်း ပြီးစီးခဲ့ရင် အလယ်တန်းကျောင်းမှာ ပညာ သင်ကြားနေကြတဲ့ ကျောင်းသား ၁၁၄ ဦး၊ ကျောင်းသူ ၁၁၈ ဦးတို့ လုံခြုံ စိတ်ချစွာနဲ့ စနစ် တစ်ကျ ပညာ သင်ကြားနိုင်တော့မှာ ဖြစ်ပါတယ်။

သတင်း - ခင်စန်းမြင့် (ပြန်/ဆက်)

#NCDDP, #DRD, #MOALI, #WorldBank

Credit – SkyNet Media Coverage