လူထုဗဟိုပြုစီမံကိန်း ပြည်ထောင်စုအဆင့် နည်းပညာအကြံပေး ဖိုရမ်ကျင်းပ

၃ရက်-စက်တင်ဘာလ-၂၀၁၇ နေပြည်တော် လူထုဗဟိုပြုစီမံကိန်း ပြည်ထောင်စုအဆင့် နည်းပညာအကြံပေး ဖိုရမ် အား (၃-၉-၂၀၁၇) ရက်နေ့နံနက်(၀၉းဝ၀) နာရီအချိန် ပျဉ်းမနားမြို့နယ် မြောက်လွတ်ကုန်း သင်တန်းခန်းမ၌ ကျင်းပပြုလုပ်ရာ ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်ညိုညိုဝင်း မှ အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။ အဆိုပါ ဖိုရမ်သည် စီမံကိန်းနှင့် ပင်သတ်၍ မြို့နယ်များ၏ အခက်ခဲများ၊ဖြေရှင်းဆောင်ရွက်မှုများကို တစ်စုတစ်စည်းတည်းသိရှိစေရန်၊ စည်းရုံးရေးမှူး များမှ ဖိုရမ် မှရရှိလာသော ရလဒ်များကို အခြေခံပြီး မြို့နယ် စီမံခန့်ခွဲမှုစနစ်များ၊ OM(လက်စွဲစာအုပ်)တွင် ပြောင်းလဲလိုသည့် အချက်များကို သိရှိစေရန်၊ စီမံကိန်းလက်စွဲပါ မရှင်းလင်းသည့် အချက်များ၊ ပြောင်းလဲလိုသည့် အချက်များတင်ပြဆွေးနွေးရန်နှင့် Union NCDDP ၏ ဌာနအလိုက်ရှေ့ဆက်လက် ဆောင်ရွက်ရန်အစီအမံများကို အပြန်အလှန်သုံးသပ်ဆွေးနွေးရန် ရည်ရွယ်၍ဖွင့်လှစ်ခြင်း ဖြစ်ပါသည်။ နည်းပညာအကြံပေးများ ဖိုရမ်ကို မြို့နယ်(၄၇) မြို့နယ်မှ Key Expert (၂၅၆) ဦးတက်ရောက်ကြပြီး၊အဆိုပါ ဖိုရမ်ကို (၃-၉-၂၀၁၇) မှ (၈-၉-၂၀၁၇)အထိ သုံးသပ်ဆွေးနွေးသွားမည်ဖြစ်ပါကြောင်း သတင်းရရှိသည်။