မကွေးတိုင်းဒေသကြီး၊ ထီးလင်းမြို့နယ် လက်ထောက်နည်းပညာမှူးများအား အခြေခံအဆောက် အဦဆိုင်ရာ မွမ်းမံသင်တန်း အမှတ်စဉ်(၁)ပို့ချ

Sep,17, 2018

မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင် ထီးလင်းမြို့နယ်တွင် လူထုဗဟိုပြုစီမံကိန်းမှ တတိယနှစ် စီမံကိန်းစက်ဝန်းအတွက် လက်ထောက်နည်းပညာမှူးများအား အခြေခံအဆောက်အဦးဆိုင်ရာ မွမ်းမံသင်တန််း အမှတ်စဉ်(၁)ကို စက်တင်ဘာလ (၁၇)ရက်နေ့က သင်ကြားပို့ချသွားကြောင်း သတင်းရရှိပါသည်။

အဆိုပါသင်တန်းတွင် ထီးလင်းမြို့နယ်လူထုဗဟိုပြုစီမံကိန်းမှ လက်ထောက်နည်းပညာမှူး (၁၄)ဦးအား မကွေးတိုင်းဒေသကြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ အခြေခံ အဆောက်အဦပိုင်းဆိုင်ရာ နည်းပညာအကြံပေး ဦးကျော်သာဖြူ နှင့် ဒေါ်မြင့်မြင့်ဟန်တို့မှ ၊ လုပ်ငန်းခွဲဆောင်ရွက်ချိန်တွင် လိုက်နာသင့်သည့်အချက်များနှင့် ရှောင်သင့်သည့်အချက်များ၊ သဘာဝပတ်ဝန်းကျင်စီမံခန့်ခွဲမှု အစီအစဉ်နှင့် ပြန်လည်အစီရင်ခံတင်းပြခြင်းအကြောင်း၊ သဘာဝဘေးကြောင့်ပျက်စီးမှုများအား လျင်မြန်စွာတုန့်ပြန်တင်ပြနိုင်ခြင်းအကြောင်း၊ Estimate & Design များအကြောင်း၊ စသည့်ခေါင်စဉ်များဖြင့် စာတွေ့ကေါလက်တွေ့ပါ သင်ကြားပို့ချသွားကြောင်း သိရှိရပါသည်၊

အဆိုပါ လက်ထောက်နည်းပညာမှူးများ အခြေခံအဆောက်အဦပိုင်းဆိုင်ရာ မွမ်းမံသင်တန်းအမှတ်(၁)ကို ထီးလင်းမြို့နယ်၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနရှိ လူထုဗဟိုပြုစီမံကိန်းရုံးတွင် ၂၀၁၈ခုနှစ်၊ စက်တင်ဘာလ၊(၁၇) မှ စက်တင်ဘာလ (၁၉)ရက်နေ့အထိ (၃) ရက်တာသင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။

 

စိုးမိုး(မကွေး)