မြို့နယ်စီမံကိန်းရေးဆွဲရာတွင် ကျေးရွာဖွံ့ဖြိုးရေး အစီအစဉ်များကို အစိုးရဌာနများ နှင့် ပေါင်းစပ်ညှိနှို်င်းပြီး ထည့်သွင်းအကောင်အထည်ဖော်ရေးဆွဲရေး အလုပ်ရုံဆွေးနွေးပွဲ ပျော်ဘွယ်တွင် ကျင်းပ

 

မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းခရိုင်၊ ပျော်ဘွယ်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန လူထုဗဟိုပြု စီမံကိန်းမှ ကြီးမှုူး၍ ကျေးရွာပြည်သူများက ဖွံ့ဖြိုးရေးဆိုင်ရာ လိုအပ်ချက်များကို သက်ဆိုင်ရာ အစိုးရဌာနများ နှင့် ပေါင်းစပ် ညှိနှို်င်းပြီး အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် အလုပ်ရုံဆွေးနွေးပွဲကို ဒီဇင်​ဘာလ(၆)ရက်နေ့ နံနက်၉ နာရီ က ပျော်ဘွယ်မြို့ အမေထိန်း ခန်းမ တွင်ကျင်းပကြောင်းသိရသည်။

အဆိုပါဆွေးနွေးပွဲတွင် ပြည်​သူ့လွှတ်တော်ကိုယ်စားလှယ် ဦး​သောင်​း​အေး မှ တက်ရောက်ဖွင့်လှစ်ပြီး၊ မန္တလေးတိုင်းဒေသကြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန လူထုဗဟိုပြုစီမံကိန်း တာဝန်ခံ ဒုတိယညွှန်ကြားရေးမှူး ဦးသိန်းထိုက်ဦးမှ ကျေးရွာဖွံ့ဖြိုးရေး အစီအစဉ်များကို ထည့်သွင်းဆောင်ရွက်နိုင်ရေး အလုပ်ရုံဆွေးနွေးပွဲ နှင့် ပတ်သက်၍အဖွင့်အမှာစကားပြောကြားပြီး၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဒုတိယ မြို့နယ်အုပ်ချုပ် ရေးမှူး ဦး​အောင်​ပြည်​့စုံဝင်​း မှ အမှာစကားပြောကြားသည်။

ဆက်လက်၍ မြို့နယ်လူထုဗဟိုပြုစီမံကိန်း နည်းပညာအကြံပေး အဖွဲ့ခေါင်းဆောင် ဦးလှထူးမှ အလုပ်ရုံဆွေးနွေး ပွဲ ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်အားရှင်းလင်းတင်ပြခြင်း နှင့် အလုပ်ရုံဆွေးနွေးပွဲတွင် ဆွေးနွေးဆောင်ရွက်မည့် အစီအစဉ် များအား ရှင်းလင်းတင်ပြသည်။

ထို့နောက် အခန်းအနားသို့ တက်ရောက်လာကြသော အစိုးရဌာနရာ အဖွဲ့အစည်​းများ နှင်​့ NGOsများကို အဖွဲ့ (၅)ဖွဲ့ခွဲကာ အခြေခံအဆောက်အဦးဆိုင်ရာ ကဏ္ဍ၊ လူမှုစီးပွားရေးဆိုင်ရာဏ္ဍ၊ အသက်မွေးဝမ်းကျောင်းဆိုင်ရာကဏ္ဍ နှင့် သဘာဝဘေး အန္တရာယ် လျော့ပါးရေးဆိုင်ရာကဏ္ဍ တို့ကို အသီးသီးဆွေးနွေး ခဲ့ကြပြီး ဆွေးနွေးချက်များအပေါ် အဖွဲ့လိုက်ကိုယ်စားလှယ်များက ပြန်လည်ရှင်းလင်းတင်ပြကြပြီး ကျေးလက်ဒေသဖွ့ံဖြိုး တိုးတက်ရေးဦးစီးဌာန(ရုံးချုပ်)ကျေးရွာဖွံ့ဖြိုးရေး အစီအစဉ် ရေးဆွဲရေးတာဝန်ခံ ဒေါ်သက်ရတနာထွန်း မှ တင်ပြဆွေးနွေးချက်များ အပေါ် ခြံငုံသုံးသပ်၍ ကျေးဇူးတင်စကားပြောကြာပြီး၊ ပျော်ဘွယ်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်သီတာဝင်းစံ မှ နိဂုံးချုပ်အမှာစကားပြောကြားခဲ့ပြီး အခမ်​းအနားအား ​အောင်​​မြင်​စွာပြီးဆုံးခဲ့​ကြောင်းသိရသည်။

​ဖြိုးထက်အောင်(ပျော်ဘွယ်)