မိုင်းခတ် မြို့နယ် စီမံကိန်း လုပ်ငန်းခွဲများအတွက် လူထု စစ်တမ်းကောက်ယူ

စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနဲ့ ကမ္ဘာ့ ဘဏ်တို့ ပူးပေါင်းအကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိတဲ့ လူထု ဗဟိုပြု စီမံကိန်း (ဒုတိယနှစ် စက်ဝန်း) ကို ရှမ်းပြည်နယ် အရှေ့ပိုင်း ကျိုင်းတုံခရိုင် မိုင်းခတ် မြို့နယ်မှာ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာမှာ အခုအခါမှာ ကျေးရွာတွေက လုပ်ငန်းခွဲ တစ်ချို့မှာ အောင်မြင်စွာ ဆောင်ရွက်ပြီးစီးခဲ့ပြီ ဖြစ်ပါတယ်။

အဲလိုမျိုး ဆောင်ရွက်ပြီးစီးသွားတဲ့ စီမံကိန်း လုပ်ငန်းခွဲတွေရဲ့ လုပ်ငန်းဆောင်ရွက်မှုနဲ့ ငွေကြေး သုံးစွဲမှုတွေကို ပွင့်လင်းမြင်သာမှု ရှိစေဖို့ တာဝန်ယူမှု တာဝန်ခံမှု မြင့်မားလာစေဖို့ လေ့လာမှုနဲ့ အကြံပေးမှုတွေ တိုးတက် ဖြစ်ပေါ်လာစေဖို့ ပိုင်ဆိုင်မှုအပေါ် သိရှိနားလည်စေဖို့နဲ့ အောင်မြင်မှု ရလာဒ် အပေါ် အောင်ပွဲခံနိုင်ဖို့ ဆိုတဲ့ ရည်ရွယ်ချက်တွေနဲ့ စီမံကိန်း လုပ်ငန်းစဉ် တစ်ခု ဖြစ်တဲ့ လူထု စစ်ဆေးပွဲတွေကို အခု အခါမှာ Covid-19 ရောဂါ ပြန့်ပွားမှုကို ထိန်းချုပ်နိုင်ရေး လမ်းညွှန်ချက်များနဲ့ အညီ ကျေးရွာ ကြော်ငြာ သင်ပုန်းမှာ ကပ်ပြီးတော့ ကြေညာတာ လုပ်ငန်းစဉ်တွေ ရလာဒ်အပေါ် ကျေးရွာ လူထုရဲ့ စိတ်ကျေနပ်မှုကို သိရှိစေဖို့ အိမ်တိုင်ရာရောက် စာရွက်စာတမ်းတွေ ဝေပြီးတော့ ကောက်ယူ ခြင်းတွေကို ဇွန်လ ၁၂ ရက်နေ့က ၁၄ ရက်နေ့အထိ ဝမ်ခုတ်အုပ်စု မိုင်းကာရှေ့ အုပ်စုမှာရှိတဲ့ ဆာလုံ အာခါကျေးရွာ ပင်းကွေ့ လားဟူ ကျေးရွာ၊ ပခါးလုံ ကျေးရွာ၊ နောင်ဖူ ကျေးရွာတွေမှာ တာဝန်ကျ စီမံကိန်း ဝန်ထမ်းတွေက ဦးဆောင်ပြီးတော့ ကျေးရွာတွင်း လှည့်လည်ပြီးတော့ ဆောင်ရွက်ခဲ့ပါတယ်။

အဲဒီ ကျေးရွာတွေမှာ အခုနှစ် စီမံကိန်း စက်ဝန်းမှာ လူထု ဗဟိုပြု စီမံကိန်းက ရန်ပုံငွေ ထောက်ပံ့ပြီးတော့ ရွာတွင်းလမ်း ကွန်ကရစ် ခင်းခြင်းလုပ်ငန်းနဲ့ စိမ့်စမ်းရေ သွယ်တန်းခြင်း လုပ်ငန်းတွေကို အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပါတယ်။

သတင်း - တင်အောင် မိုးမြင့်

Credit- SkyNet Media Coverage

#NCDDP #DRD #MOALI #WorldBank