မြဝတီမြို့နယ်တွင် Cash for Work စီမံကိန်းလုပ်ငန်း အကောင်အထည်ဖော် ဆောင်ရွက်နေမှုအား တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေး

မြဝတီ ဩဂုတ် ၁၈

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်တွင် ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးနေဝင်းနှင့် တာဝန်ရှိသူများက Cash for Work စီမံကိန်းရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသော မေတ္တာလင်းမြိုင်ကျေးရွာ မိုင်းချေးခင်းခြင်းနှင့် ရေမြောင်းတူးဖော်ခြင်းလုပ်ငန်းအား ယမန်နေ့ နံနက်ပိုင်းက ကွင်းဆင်းစစ်ဆေးကြည့်ရှု့ခဲ့သည်။

မြဝတီမြို့နယ် မေတ္တာလင်းမြိုင်ကျေးရွာရှိ ရွာအဝင်လမ်းအား အရှည် ၂၀၀၀ ပေ၊ အကျယ် ၁၈ ပေ၊ အထူ ၃ လက်မရှိသော မိုင်းချေးခင်းခြင်းနှင့် အရှည် ၇၆၀၀ ပေ၊ အကျယ် ၂ ပေ၊ အနက် ၃ ပေ ရှိ‌‌သော ရေမြောင်းတူးဖော်ခြင်းလုပ်ငန်းတွင် ကိုယ်တိုင်ပါဝင်ဆောင်ရွက်နေကြသော ကျေးရွာသားများအား မြဝတီခရိုင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးနေဝင်းနှင့် တာဝန်ရှိသူများက ကိုဗစ်-၁၉ ရောဂါကြောင့် ကျေး လက်နေပြည်သူများ၏ လူမှုစီးပွားရေးထိခိုက်မှုများကို တုန့်ပြန်ဆောင်ရွက်သည့် အနေဖြင့် မြို့နယ်အတွင်းရှိ ဝင်ငွေနည်းပါးသော ကျေးလက်နေ ပြည်သူများအတွက် အလုပ်အကိုင်အခွင့်အလမ်းများ ဖော်ဆောင်ပေးသည့် အတွက် ပုံမှန်ဝင်ငွေရရှိပြီး ကျေးရွာ၏ လမ်းတံတားနှင့် အခြေခံအဆောက်အအုံများ ဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍ Cash for Work စီမံကိန်းကို အကောင်အထည်ဖော် ဆောင်ရွက်ရခြင်း ဖြစ်ကြောင်း မိမိတို့ကျေးရွာ ဖွံ့ဖြိုးတိုးတက်စေရေးအား ကျေးရွာသူ၊ ကျေးရွာသားများအနေဖြင့် ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ကြ စေလိုကြောင်း ပြောကြားသည်။

မြဝတီမြို့နယ်တွင် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်အတွက် Cash for work စီမံကိန်း ၁၀ ရွာတွင် ရန်ပုံငွေများဖြင့် ကျေးရွာများ၌ ကော်မတီများဖွဲ့စည်းပြီး လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်ရှိကြောင်း သိရသည်။

မန်းသန်းရွှေမြင့်(ပြန်/ဆက်)

#CFW, #CERP, #DRD, #MOALI

https://www.moi.gov.mm/iprd/news/5148

Credit- Ministry of Information