ကနီမြို့နယ် လူထုဗဟိုပြု စီမံကိန်းဝင် ကျေးရွာများတွင် ကျား-မရေးရာ ကိစ္စရပ်များ ဆွေးနွေး

Gender Equality Discussed for NCDDP’s Project Coverage Areas in Kani

Sagaing, 5 December 2020, Development News TV

 

ကနီ မြို့နယ် လူထု ဗဟိုပြု စီမံကိန်း တတိယနှစ် စီမံကိန်း စက်ဝန်း စီမံကိန်း လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် ကျား-မ တန်းတူ ပူးပေါင်း ဆောင်ရွက်ခြင်းဖြင့် ကျေးရွာများ၏ စီမံကိန်း လုပ်ငန်းခွဲများ အရည်အသွေး ပြည့်မှီစွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး အမျိုးသမီးများ၏ စွမ်းဆောင်ရည်များ မြှင့်မားလာစေရန်နှင့် အမျိုးသမီးများ၏ အကြံပြုချက်များ ထည့်သွင်း စဉ်းစား၍ စီမံကိန်း လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိရာ ကျေးရွာ စီ/ထောက် ကော်မတီဝင်များအား ကျား-မ ရေးရာ ကဏ္ဍအား စီမံကိန်း လုပ်ငန်းစဉ် တစ်လျှောက်တွင် ထည့်သွင်း အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး၊ အုပ်စု ငယ်များခွဲ၍ စီမံကိန်းဝင် ကျေးရွာများ ဖြစ်သည့် စီမံကိန်း ဝင် ကျေးရွာများတွင် ထည့်သွင်းဆောင်ရွက်ရမည့် ကျား-မ ရေးရာ လိုအပ်ချက်များ ဖြစ်သည့် စီ/ထောက် ကော်မတီဝင်များတွင် (၁) အမျိုးသား၊ အမျိုးသမီး ၅၀-၅၀ အချိုး ညီမျှစွာ ပါဝင်၍ (၂) မည်သည့် ဆပ် ကော်မတီတွင် မဆို အမျိုးသမီး တစ်ဦး ပါဝင်ရေး၊ (၃) ကျေးရွာ အုပ်စု စီထောက်ကော်မတီတွင် အမျိုးသမီး ခေါင်းဆောင် ဥက္ကဌ တစ်ဦး ပါဝင်ရေး၊ (၄) ကျေးရွာ အုပ်စုအတွင်း အကောင်အထည်ဖော် ဆောင်ရွက်သော စီမံကိန်း လုပ်ငန်းများတွင် အမျိုးသမီးများ ရွေးချယ်သော လုပ်ငန်းခွဲ အနည်းဆုံး တစ်ခု ပါဝင်ရေး၊ (၅) တူညီသော အလုပ်အတွက် တူညီသော လုပ်အားခများ ရရှိစေရေး၊ (၆) စီမံကိန်း လုပ်ငန်းစဉ် တစ်လျှောက်တွင် ကျား-မရေးရာ ကိစ္စများ ထည့်သွင်း စဉ်းစားရန် အချက်များ၊ လူထု စည်းရုံးရေးမှူးများမှ ကိုဗစ်ကာလ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနမှ ညွှန်ကြားချက်များနှင့် အညီ ကော်မတီဝင်များနှင့် စိတ်ဝင်စားသော ကျေးရွာသူ ကျေးရွာသား အချို့ အား ဝိုင်းဖွဲ့ ဆွေးနွေး ရှင်းလင်း ပြသခဲ့ကြောင်းနှင့် ဆက်လက်၍ စီမံကိန်း ကျေးရွာ အသီးသီးတွင် ကျား- မ ရေးရာ ကိစ္စရပ်များအား ဆွေးနွေးသွားမည် ဖြစ်ကြောင်း၊ သိရှိရသည်။

သတင်း - ဟိန်းလတ်ကျော် (CDD)

#NCDDP, #DRD, #MOALI, #WorldBank

Credit – Development News TV

https://www.facebook.com/108312817273501/videos/2497648020543134